လှိုင်သာယာမှာ တအုန်းအုန်းပဲ

လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုု့နယ်၊ အနောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၂ မိနစ်တစ်ကြိမ်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဒုတိယအကြိမ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တတိယအကြိမ်၊ နံနက် ၅ နာရီ ၂၂ မိနစ်တွင် ၄ ကြိမ်မြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် အင်အားအလွန်ပြင်းထန်ပြီး အသံအလွန်ကျယ်လောင်ကြောင်း သိရှိရသည်။ “နေရာ အတိအကျတော့ မသိပေမယ့် လှိုင် သာ ယာရုံးရှေ့နဲ့မြို့နယ်ခန်းမဘက်က ပေါက်ကွဲမှုအသံတွေက လာတာ။ အင်အားပြင်းတယ်။ အရမ်းကျယ်တယ် အသံက ၊ ဗုံးတွေက မိနစ်ပိုင်းပဲခြားပြီး တအုန်းအုန်းကွဲတာ။ လူထိခိုက်မှုရှိလား၊ အပျက်အစီးဘယ်လောက်ရှိလဲ အဲဒါတွေတော့ မသိပါဘူး” ဟု လှိုင်သာယာ မီးခွက်စျေးအနီး နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လှိုင်သာယာမြို့နယ်တွင် ယခုနံနက်အစောပိုင်း ဗုံးများပေါက်ကွဲကြောင်း လှိုင်သာယာမှ ဒေသပြည်သူ ၂၀ ဦးထက်မနည်းကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုထားကြသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ဟု လတ်တလော ပြည်သူများက ယူဆနေကြသော လှိုင်သာယာမြို့နယ်ခန်းမသည် အကြမ်းဖက်စစ်တပ်က တပ်စွဲထားသော နေရာဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ကာလ ပြည်သူလူထုကို အကြမ်းဖက် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *