လိုင်းခန်းတွေတော့ လူမရှိလောက်တော့ဘူး

ရှေ့တန်းထွက် စစ်သားများ ၆ လ ကြာသည်အထိ တပ်ကို အဆက်အသွယ် မလုပ်လျှင် ကျန်ရစ်သူ မိသားစုများ တပ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်များ အားလုံးရုပ်သိမ်းမည်ဟု စစ်တပ်က စည်းကမ်းချက်ထုတ်■ ရှေ့တန်းတွင် ကျဆုံးသည့် စစ်သားများအတွက် နစ်နာကြေးနှင့် အာမခံ ကြေး များ မပေးချင်သဖြင့် ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်သူ မိသားစုများကို တပ်ထဲမှ နှင်ထုတ်မှုများ ဖြစ်ပွားနေရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းထွက် စစ်သားများ ၆ လ ကြာသည်အထိ တပ်ကို အဆက်အသွယ် မလုပ်လျှင် ကျန်ရစ်သူ မိသားစုများ တပ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်များ အားလုံးရုပ်သိမ်းမည်ဟု စည်းကမ်းချက်ထုတ်ပြန်လာကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရှေ့တန်းမှ စစ်သားများ ထွက်ပြေးမှုများပြားလာခြင်းနှင့် ပျောက်ဆုံးမှုများ များပြားလာနေခြင်းကြောင့် စစ်ကောင် စီက ထိုသို့ စည်းကမ်းချက်များ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ ရှေ့တန်းထွက် စစ်သားများ တပ်နှင့် အဆက် အသွယ်မရရှိလျှင် ၆ လအတွင်း နောက်တန်းတွင် ကျန်ရစ်သော မိသားစုအနေဖြင့် စစ်သား၏ လစာတစ်ဝက်သာ ရရှိမည်ဖြစ်ကြောင်း၊ အကယ်၍ ရှေ့တန်းထွက်စစ်သားသည် ၆ လနှင့်အထက် လုံး၀ ပျောက်ဆုံးပြီး တပ်က အဆက်အသွယ် မရရှိတော့လျှင် နောက်တန်းတွင် ကျန်ရစ်သော မိသားစုကို တပ်တွင်း နေအိမ်၊ လိုင်းခန်းများမှ နှင်ထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။ “ရှေ့တန်းလွှတ်သမျှ စစ်သားတွေ အဆက်အသွယ်မရဘဲ ပျောက်နေသူတွေအတွက် လစာကို တစ်ဝက်ပဲ တပ်က ပေးတယ်။ အဲဒါကြောင့် တပ်တွင်းမှာ ရှိတဲ့ နောက်တန်းကျန် စစ်သည် ဇနီးမယားတွေက မကျေမနပ်ဖြစ်ပြီး ဆဲကြတယ်။ နောက်တစ်ခုကတော့ ရှေ့တန်းထွက် စစ်သားက ၆လ စောင့်ကြည့်လို့ လုံး၀ တပ်ကို မဆက်သွယ်တော့ဘူးဆိုရင် တပ်ထဲမှာ နောက်တန်းကျန် မိသားစုတွေ လိုင်းခန်း နေအိမ်တွေ ပြန်ရုပ်သိမ်းမယ်။ အဲဒီလို စည်းကမ်းချက်တွေ ထွက်လာတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ထိုသို့ စည်းကမ်းချက်များ ထုတ်ပြန်လာခြင်းသည် များမကြာမီ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရောက်ရှိလာမည့် တပ်သားသစ်များ၏ မိသားစုများ နေထိုင်ရေး လိုင်းခန်းနှင့် နေအိမ်များ လုံလောက်စေရန် ကြိုတင်စီမံမှုဟုလည်း တပ်တွင်းတွင် သုံးသပ်ပြောဆိုကြသည်။ “တချို့ရှေ့တန်းထွက်စစ်သားတွေက ပျောက်ဆုံးတာမဟုတ်ပါဘူး။ ကျဆုံးတာပါ။ အဲဒါကို တပ်ကို မဆက်သွယ်တော့တဲ့ ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်သူ မိသားစုကို အသက်အာမခံ လျှော်ကြေး၊ နစ်နာကြေး၊ ပင်စင် ဘာမှ မပေးဘဲ မျက်နှာလွှဲ ခဲပစ် ပျောက်ဆုံးဆိုပြီး လိုင်းခန်းက နှင်ချတာတွေ အခု တပ်တွေထဲမှာ အရမ်းကို ဖြစ်နေတာ။ တကယ်က ရှေ့တန်းထွက် စစ်သားက ထွက်ပြေးသွားတာမဟုတ်ဘူး ။ ကျန်ရစ်သူ မိသားစုတွေအတွက် အရမ်းကို နစ်နာနေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မျက်နှာပြင်များတွင် တိုင်းရင်းသား တော်လှန်ရေး တပ်များနှင့် တိုက်ခိုက်ရာတွင် အစုလိုက်အပြုံလိုက်သေဆုံးမှုများနှင့် တပ်စခန်းများ ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ် နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *