သူတို့မဟုတ်ပါဘူးပေါ့ ရတဲ့စာရွက် eeကုန်းလိုက်

ပြည်သူတိုင်း စစ်မှုထမ်းရေး ၊ စစ်ထဲဝင်ရန် စိုးရိမ်ကြောက်ရွံ့မှု မရှိစေရေးနှင့် သတင်းမီဒီယာများ၏ သတင်းများကို မယုံကြည်စေရေး ဝါဒဖြန့် စာရွက်များ တစ်နိုင်ငံလုံးတွင် စစ်တပ်က ဖြန့်ဝေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပြည်သူတိုင်း စစ်မှုထမ်းရေး နှင့် ပြည်သူတိုင်း စစ်မှုထမ်းရေး နှင့် စစ်ထဲဝင်ရေး စိုးရိမ်ကြောက်ရွံ့မှု မရှိစေရေး ဝါဒဖြန့် စာရွက်များ တစ်နိုင်ငံလုံးတွင် စစ်တပ်က ဖြန့်ဝေ ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပဲခူးတိုင်း၊ ပဲခူးမြို့၊ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများအားလုံးတွင် စစ်တပ်က စီမံချက်ဖြင့် ပြည်သူများ စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့မှု မရှိစေရန်၊ သတင်းမီဒီယာများမှ သတင်းများကို မယုံကြရန် ဝါဒဖြန့် စာရွက်များကို ယနေ့ ဖြန့်ဝေကြောင်း သိရှိရသည်။

“သေနတ်ကြီးကိုင်ပြီး စာရွက်လာပေးတာ။ မယူရင် ပစ်မယ့်ပုံနဲ့။ ကိုယ်လည်း ကြောက်ကြောက်နဲ့ယူရတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာတွင်လည်း စစ်တပ်နှင့်ရဲများ၊ ဌာနပေါင်းစုံပါဝင်သော အဖွဲ့များက ဝါဒဖြန့် စာရွက်များကို ဖြန့်ဝေကြောင်း သိရှိရသည်။

“သူတို့ပြောသလိုတော့ စစ်ထဲ မဝင်ချင်ဘူး။ လာခေါ်ရင်တော့ ပြေးဖို့ပဲ စဉ်းစားထားတယ်။ ” ဟု မုံရွာတက္ကသိုလ်မှ ဒုတိယနှစ် (မြန်မာစာ) Day ကျောင်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါဝါဒဖြန့် စာရွက်များကို စာသင်ကျောင်းများ၊ တက္ကသိုလ်များအားလုံးတွင်လည်း ဖြန့်ချိရန် စစ်တပ်က ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူတိုင်း စစ်မှုထမ်းရေး ဥပဒေကို အသက်သွင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *