သတင်းတောင်ဖုံးထားတယ် သနားလိုက်တာ😁😁😁😁

Update- ကျိုက်လတ်မြို့နယ်မှ စမ်းချောင်းမြို့သို့ ပြောင်းရွေးလာသော ကျွန်ရဲဒုကြပ် သန့်ဇင်ထွန်း ဦးခေါင်းကျည်ထိမှန် သေဆုံးမှု သတင်းအား ဖုံးကွယ်ထား

ဖေဖော်ဝါရီလ ၂၀

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့သို့ ပြောင်းရွေ့လာသော ကျွန်ရဲဒုကြပ်သန့်ဇင်ထွန်းမှာ ဦးခေါင်းကျည်ထိမှန် သေဆုံးမှု သတင်းအားအကြမ်းဖက်စစ်ကောင်စီမှ ဖုံးကွယ်ထားကြောင်း သိရပါသည်။

စမ်းချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်၌ သေနတ်ဖြင့်နောက်မှ ဦးခေါင်းကို တေ့ဖြစ်ခံရခြင်း(အတည်မပြုနိုင်သေး) ဖြင့် သေဆုံးသွားကြောင်း သိရပါသည်။

ပြောင်းရွေ့လာသော ရဲဒုတပ်ကြပ်သန့်ဇင်ထွန်း ဆိုသူမှာ နယ်မြေခံ ကျွန်ရဲများနှင့် အဆင်မပြေမှုများရှိကြောင်းသိရပါသည်။ သန့်ဇင်ထွန်းမှ လက်အောက်ငယ်သားများနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ၌ အနိုင်ကျင့် ၊ ဗိုလ်ကျကြီးစိုးမှုများရှိပါသည်၊၊

ကျွန်ရဲဒုတပ်ကြပ် သေဆုံးမှု နှင့်ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီမှ တရားဝင် ထုတ်ပြန်ခြင်းမရှိသည့်အပြင် သတင်းများ ဖုံးဖိထားကြောင်းလည်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *