သံတောင်ကြီးမြို့နယ် သောက်ရေခပ်စခန်းအက်ရှင်

သံတောင်ကြီးမြို့နယ် သောက်ရေခပ်စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၇ ဉီးသေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ထုတ်ပြန် (ရုပ်/သံ)

+++++++++++++++++++++++

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် စစ်ကောင်စီတပ်ရဲ့ သောက်ရေခပ်စခန်းကုန်းအား အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စစ်ရေးဖိအားပေးတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအ ဝင် ၄၇ ဉီးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ စစ်ကောင်စီတပ်ရဲ့ သောက်ရေခပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၂၀ ဉီးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ၂၇ ဉီး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စခန်းကုန်းအား တော်လှန်ရေးတပ်တွေက ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ပြီး ဖိအားပေးခဲ့ရာ စစ်ကောင်စီတပ်က လိပ်သိုမြို့မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခွဲမှ နေ့လယ် ၃ နာရီခန့်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၂၇ ဉီးသေဆုံးပြီး ၃၅ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှာ စစ်ကောင်စီစခန်းကုန်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဉီးသေဆုံးပြီး လက်နက်တိုက် မီး လောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုများကို NPT PDF 804 နှင့် DANU Drone တပ်ဖွဲ့ အပါအဝင် အခြားမဟာမိတ်တပ်ပေါင်းစုများနဲ့အတူ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *