ငပုတော့ ရူးတော့မယ်ထင်တယ်

စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သည်သစ်များ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိတော့ဟု စစ်ကောင်စီထုတ်ပြန်

■ မင်းအောင်လှိုင်၏ ဆယ်ကျော်သက်အရွယ် မြေးမ ခင်ငြိမ်းချမ်းပြည့်စုံလှိုင် အပါအဝင် မြေးမ ၅ ဦးကြောင့် အမျိုးသမီးများ စစ်မှုထမ်းရန် မခေါ်ဆိုသော အမိန့်ထုတ်ပြန်သလားဟု တပ်တွင်း မေးခွန်းထုတ်

ဖေဖော်ဝါရီ ၂၁

အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်စတင်မည့် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သားများ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ဧပြီလကုန်မှစတင်၍ အပတ်စဉ် ၁ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အပတ်စဉ် ၅ တွင် အမျိုးသမီးများကို ခေါ်ယူမည်ဖြစ်ကြောင်း၊ လစဉ် ပြည်သူ ၅၀၀၀ နှုန်းကို စစ်သားအဖြစ် ခေါ်ယူပြီး တစ်နှစ်လျှင် ၆၀၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသမီး ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသား ၆ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

သို့ရာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်ဇော်မင်းထွန်းက စစ်မှုထမ်းဥပဒေအရ စစ်သားများ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားကိုသာ ခေါ်ယူမည်ဖြစ်ကြောင်း ပြင်ဆင်ပြောဆိုထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းတွင် ထိုသို့ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် မခေါ်ယူတော့ဘဲ ထုတ်ပြန်လာခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆယ်ကျော်သက်အရွယ် မြေးမ ခင်ငြိမ်းချမ်းပြည့်စုံလှိုင် ကြောင့်လားဟု မေးခွန်းထုတ်ကြကြောင်း၊ မင်းအောင်လှိုင်တွင် သားအောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်မှ ပေါက်ဖွားသည့် မြေးမ ၅ ဦးရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်တွင် သမီးနှင့်သားဖြစ်ကြသည့် ခင်သီရိသက်မွန်၊ အောင်ပြည့်စုံတို့ ရှိကြပြီး သားသမီး ၂ ဦးမှ ပေါက် ဖွားလာသော မြေး ၅ ဦးရှိရာတွင် သားဖြစ်သူ အောင်ပြည့်စုံမှ ပေါက်ဖွားသည့် မြေး ၃ ဦးဖြစ်ကြသည့် ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင် ၊ မခင်မေတ္တာပြည့်စုံလှိုင်၊ သမီးဖြစ်သူ ခင်သီရိသက်မွန်မှ ပေါက်ဖွားသည့် မြေး ၂ ဦးဖြစ်ကြသည့် ဧကရီသက်မွန်လှိုင်၊ မေဘရဏီသက်မွန်လှိုင်တို့ ရှိကြောင်း၊ မင်းအောင်လှိုင်သည် မြေးများကို အစိုးရ ကျောင်းတွင် မထားဘဲ ရန်ကုန်၊ အင်းယားမြိုင်လမ်း၊ တွင် EMPS ( Excellent Myanmar Private School) ကိုယ်ပိုင် ကျောင်းထူထောင်၍ ထားရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ မြေးမ ၄ ဦးလုံး တက်ရောက်နေသည့် EMPS သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင် ကျောင်းခွဲများကို ဖွင့်လှစ်ခဲ့ကြောင်း ၊ ထို့ပြင် အင်းယားမြိုင် ရွှေတောင်ကြား ၂ ရပ်ကွက်၊ အမှတ် ၄၈၊ Universal Academy Myanmar (UAM-48) ၊ စော်ဘွားကြီးကုန်း မီးပွိုင့်နားတွင် မင်းဓမ္မ ကျောင်း၊ မန္တလေးက Grand Mandalar School များကိုလည်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အဆိုပါကျောင်းတွင် ကျောင်းလခများအနေဖြင့် အနိမ့်ဆုံး အခြေခံ တစ်နှစ်စာအတွက် ၄၆ သိန်းရှိပြီး အခြား ဝတ်စုံစရိတ်အပါအဝင် အခြားစရိတ်များ ပေါင်းက တစ်နှစ်စာ သိန်း ၆၀ မှ ၁၀၀ ဝန်းကျင် အတန်းကိုလိုက်၍ ကျသင့်ကြောင်း၊ မင်းအောင်လှိုင် မြေးမ ၄ ဦးလုံးသည် အင်းယားမြိုင် EMPS-10 တွင် တက်ရောက်နေကြသည်ဟု သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *