လိမ်စရာမရှိရင် ကိုယ်ပေါင်ကိုယ်လိမ်မဲ့ဟာတွေ

ပေါ်တာမဆွဲဟု မန္တလေးတွင် လှည့်လည်ကြေညာ၊ မြို့ခံများ မယုံကြည်ဖေဖော်ဝါရီလ ၂၀ ရက် မန္တလေးတွင် ပြည်သူများ ပုံမှန်အတိုင်းသွားလာနေထိုင်ကြရန်၊ အဖမ်းအဆီးသတင်းများကို မယုံကြည်ကြရန် စစ်ကောင်စီက ယမန်နေ့(ဖေဖော်ဝါရီ၁၉)ညတွင် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာသော်လည်း မြို့ခံများက သံသယမကင်း ဖြစ်နေကြသည်။ရပ်ကွက်တချို့တွင် စစ်ကား၊ အများစုတွင် မီနီအိုးဝေ ဟု ခေါ်ကြသော သုံးဘီးဆိုင်ကယ်များ သုံးကာ လိုက်လံ လှုံ့ဆော်သွားခြင်းဖြစ်သည်။ ရပ်ကွက်အများစုကိုတော့ မီနီအိုးဝေတွေနဲ့ပဲအော်တယ်။ အော်ပြီး မောင်းပြေးတယ်၊ ဘယ်နေရာမှ ရပ်တာမတွေ့ဘူး။ စစ်သား၊ ရဲ မပါဘူး၊ အရပ်ဝတ်တစ်ဦးစ၊ နှစ်ဦးစပဲ ပါတယ်။ အိုးဝေသမားတွေကလည်း ကြောက်လို့လုပ်ရပုံပေါ်တယ် ဟု ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ အသက်(၃၀)အရွယ် အမျိုးသားက Myanmar Now ကို ပြောသည်။ယင်းသို့ကြေညာသော်လည်း ည၈နာရီနောက်ပိုင်း မန္တလေးမြို့ပေါ်တွင် ပိုမို၍ပင် အသွားအလာကြဲပါးသွားသည်ဟု ၎င်းကဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *