တောင်ပိုင်းသားတွေရဲ့ရုပ်သံအက်ရှင်ရှိုးလိုက်

ရေးနယ်က စစ်ကောင်စီအခြေချတပ်စွဲထားတဲ့နေရုတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ရဲ၂ယောက်သေ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စကခ ၁၉ ၊ ခလရ ၆၁ ၊ ခရိုင်ရုံးနဲ့ ရေး တံတား ကြီးဂိတ်ကစစ်ကောင်စီတပ်သားများကို ဒရုန်း၊ လက်နက်ကြီးများနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်အခြေစိုက် ဝေဟင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေးမြို့နယ်တောင်ပိုင်း၊ ပြည်ထောင်စုလမ်းမအား စိုးမိုးနိုင်ရေး အတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၁၉ လက်အောက်ခံ တပ်များဖြစ်တဲ့ ခလရ ၆၁ ၊ ရေးတံ တား ကြီးဂိတ်၊ စကခ ၁၉ တို့ကို မြေပြ်ငကလက်နက်ကြီးနဲ့ထု၊ ဝေဟင်ကနေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရေးတံတားကြီးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ခလရ ၆၁ အတွင်း တိုက်ခိုက်မှုမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက် စစ် ကောင်စီ တပ်သားများကို Mini Bus နဲ့ သယ်ထုတ်သွားပြီး သေဆုံးဒဏ်ရာရရှိသူ အရေ အ တွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

အလားတူ စကခ ၁၉ ရှေ့ရှိ ခရိုင်ရုံးအတွင်း ဗုံးကျဲတိုက်ခိုက်စဉ် ရုံးအတွင်း ဗိုလ်ချုပ်အဆင့်အပါအဝင် အရာရှိ ၆ ဦး နဲ့ဝန်ထမ်းများရှိနေခဲ့ရာစကခ ၁၉ ဌာနချုပ် အတွင်းကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ပြီး ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဒရုန်းတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ ကာ အကြမ်းဖက်စစ် ကောင်စီတပ် သား ထိခိုက်သေဆုံးမှု သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

အထိနာသွားတဲ့စစ်အုပ်စုတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ အတွင်းကို ၈၁ မမ၊ ၆၀ မမ၊ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီများနဲ့ ပစ်ခတ်မှုများစွာလုပ် ဆောင်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးများရှိခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဒေါနတပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့၊ ဒေါန စစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF ဒေါနတပ်ခွဲ ၃ ၊ ဒေါနတပ်ခွဲ ၄ KBDF၊ မွန်ပြည်နယ် အခြေ ပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ ၅ ၊ ဒေါနတပ်ခွဲ ၇ DDT တပ်ခွဲ ၃ ၊ YDF တပ်ဖွဲ့ ၊ ရေး သိမ်းငှက်အဖွဲ့များနဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း ၁ ၊ YAF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *