ဌာနတစ်ခုကို ၂ယောက်ဆိုတော့ နန်းနန်းတို့အဖော်ရတာပေါ့

မြောင်းမြမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် Non CDM ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရမည် ဖေဖော်ဝါရီလ ၂၁ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် Non CDM ဝန်ထမ်း နှစ်ဦးစီ စစ်မှုထမ်းရန် အတွက် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင် စာရင်းပေးရမည် ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အားလုံးမှ ဌာနတစ်ခုကို ဝန်ထမ်း နှစ် ဦးနှုန်းဖြင့် စစ်မှု ထမ်းရမည်ဖြစ်ပြီး မြောင်းမြမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို စတင် ခေါ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။” ဒီနေ့ မနက် (ဖေဖော်ဝါရီလ ၂၁ ရက်) ကစပြီးပေးရတာ။ မြောင်းမြမြို့နယ်ထဲက ဌာနဆိုင်ရာဝန်ထမ်းတွေ ကိုပထမဦးဆုံးအကြိမ် စပြီးခေါ်တာ။ ဝန်ထမ်းကို စစ်မှုထမ်းဖို့ စတင်ခေါ်လာတာ” ဟု မြောင်းမြမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနတစ်ခု၏ Non CDM ဝန်ထမ်းက ကိုပြောသည်။စစ်မှုထမ်းရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို စတင် ခေါ်ယူနေပြီးဖြစ်၍ လူငယ်လူရွယ်များအနေဖြင့် သွားလာရာတွင် သတိထား သွားလာ နေထိုင်ကြရန် ၎င်းက သတိပေးထားသည်။ ” စစ်တပ်မှာက အင်အားမရှိတော့တာ အသေအချာ ဖြစ်နေပြီ။ တိုက်တိုင်းရှုံးနေတာမို့ စစ်တပ်ထဲဝင်ရမယ်ဆိုရင်လည်း ဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာကို ကြိုတင် ပြင်ဆင်ထားစေလိုတယ်” ဟု အဆိုပါ ဝန်ထမ်းက ထပ်မံ ပြောကြားသည်။စစ်ကောင်စီသည် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းကလည်း မြောင်းမြမြို့နယ်ရှိ စစ်ပြန် စစ်မှု ထမ်းဟောင်းများနှင့် စစ်ပြေးများကို ရာထူးလစာများပေး၍ ပြန်လည်စစ်မှုထမ်းရန် ခေါ်ယူမှုများရှိကြောင်း ဒေသခံများထံက သိရသည်။ဓာတ်ပုံ-စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် မြောင်းမြမြို့ ပညာရေးဝန်ထမ်းများ (ပုံဟောင်း)#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *