ဘူးသီးကြော်ဆိုင်မှာရခိုင်မုန့်တီဖြစ်😄😄😄

ရခိုင်ပြည်နယ်မောင်တောတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သား ၂၆ ဦးတွင် ဗိုလ်မှူး ဇင်ကိုကို ပါဝင်ဖေဖော်ဝါရီ ၂၁ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တိုက်ပွဲများအတွင်း သေဆုံးခဲ့သော စစ်သား ၂၆ ဦးတွင် ဗိုလ်မှူး ဇင်ကိုကို ပါဝင်ကြောင်း မှော်ဘီမြို့၊ ၂ ရပ်ကွက်မှ ဒေသပြည်သူတချို့က ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ စစ်သားအလောင်း ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်း အချိုကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မွတ်စလင်ရွာ) အနီးတွင်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇင်ကိုကိုပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ “ဇင်ကိုကိုက ဘူးသီးတောင်/မောင်တောဘက်မှာ တာဝန်ကျရင်း ဆုံးတာလို့ သိရတယ်။ အလောင်းတော့ ပြန်မရဘူး။

နာရေးရက်လည်ပဲ ဖိတ်စာနဲ့ဖိတ်တာ။ ကလေး ၁ ဦးနဲ့ သူ့မိန်းမ ကျန်ခဲ့တယ်” ဟု မှော်ဘီမြို့နယ်၊ ၂ ရပ်ကွက်သားတစ်ဦးက ပြောဆိုသည်။ ဗိုလ်မှူးဇင်ကိုကိုသည် အသက် ၃၄ နှစ်အရွယ်ရှိပြီး စစ်တက္ကသိုလ် DSA အပတ်စဉ် ၅၂ ကျောင်းဆင်းဖြစ် ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *