လွိုင်ကော်မြို့ကြီးကိုခဝေးတွေဖျက်စီး(ရုပ်သံ)

လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်နေအိမ်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

++++++++++++++++++++++++++

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ကရင်နီပြည်နယ် လွိုင်ကော်မြို့ထဲရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ မီးလောင်ဗုံးများ၊ အဝေးပစ်မီးလောင်ဗုံးများ ကြဲချခြင်း၊ ပစ်ခတ်ခြင်း များ ပြုလုပ်ခဲ့၍ နေအိမ်များ မီးလောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့ Karenni Nationalities Defense Forceမှ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်မြို့အတွင်းရှိ ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံစတဲ့ ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ မီးလောင်ကျွမ်းပြီး ပျက်စီးခဲ့ရပါတယ်။

လွိုင်ကော်မြို့အတွင်း အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူများ နေထိုင်ရန် မသင့်သောအခြေအနေဖြစ်ပြီး နေအိမ်ပြန်ခြင်း၊ ပစ္စည်း ပြန်သယ်ယူခြင်းများ တတ်နိုင်သမျှ မပြုလုပ်ကြရန်နဲ့ လုံခြုံရေးကို ဉီးစားပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ မှန်ကန်တဲ့ သတင်း အချက်အလက်များ ရယူကြရန် KNDFမှ မေတ္တာရပ်ခံထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *