ချေပဲချေနိုင်လွန်းတယ် ဝဋ်က ဒီဘဝမဟုတ်ဘူးနောက်ဘဝထိတောင်မကျေဘူး

ပဲခူးမြို့၊ ဘုရားသုံးဆူ ဝဋ်ကြွေးကြေ ဘုရားတွင် ထီးတော်တင်၍ မင်းအောင်လှိုင် ယတြာချေမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက်မင်းအောင်လှိုင်က ပဲခူးမြို့၊ ဘုရားသုံးဆူ၊ ဝဋ်ကြွေးကြေဘုရားတွင် ထီးတော်တင်လှူ၍ ယတြာချေမည်ဖြစ်ကြောင်း ပဲခူးစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လောလောဆယ်သိထားတာကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လာဖို့ စီစဉ်ထားတယ်။ လူကြီးခရီးစဉ်ဖြစ်တော့ ရက်အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ ဘုရားသုံးဆူမှာ ထီးတော်တင်လှူမယ်။ ဝဋ်ကြွေးကြေဘုရားလည်းဖူးမယ်” ဟု ပဲခူးဒေသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် မာရဝိဇယဆင်းတုတော်တည်၍ ယတြာချေခြင်း၊ တပ်တွင်း ယတြာအမျိုးမျိုး ချေခိုင်းခြင်း၊ ဝန်ကြီးဌာနများနှင့် စစ်တပ်များအတွင်း ဘုရားရှိခိုးဂါထာနှင့် ပရိတ်များ မကြာခဏ ရွတ်ခိုင်းခြင်း အပါအဝင် ယတြာများ ပုံစံမျိုးဖြင့် ချေခြင်း၊ ငွေစက္ကူအသစ် ၂၀၀၀၀ တန်များ ထုတ်ဝေခြင်း များ ဗေဒင်နက္ခတ်များဖြင့် လုပ်ဆောင်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်တွင် မာရဝိဇယဘုရားတည်၍ ယတြာချေခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *