ရှမ်း/တောင်SSPP နဲ့ မဟာမိတ်တွေပူးပေါင်းပြီး ပွဲကနေပြီ

မိုင်းပွန်တွင် SSPP ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အဓိက အားဖြင့် SSPP တပ်များနှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“PNO နဲ့ SSPP နဲ့ဖြစ်ကြတာ။ ဒါပေမယ့် PNO ဘက်က စစ်ကောင်စီတပ်တွေပါသလို SSPP ဘက်ကလည်း မဟာ မိတ် တပ်တွေပါတယ်။ လတ်တလော မိုင်းပွန်တံတားနဲ့ လွိုင်လင်ဘက်အထွက်ကို ပိတ်ထားတယ်။ ဆိုတာ့ မိုင်းပွန်ကို ပိတ်ထားတဲ့သဘောပဲ။ မိုင်းပွန်မြို့အနီးအနားက ရွာတွေအကုန်လုံးတော့ စစ်ရှောင်နေရတယ်” ဟု တော်လှန်ရေးမဟာမိတ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မိုင်းပွန်တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ဘက်တွင် ပအိုဝ်း တပ်သား သစ်များ အကြီးအကျယ်စုဆောင်းကာ PNO ပြည်သူ့စစ်များ၏ အကူအညီဖြင့် လက်နက်တပ်ဆင်ခြင်း၊ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်လာကြောင်း၊ တောင်ကြီးမြို့အထိ တိုက်ပွဲများ မရောက်ရှိလာစေရေးအတွက် စစ်တပ်က ခုခံစစ်အတွက် ကြိုတင် ပြင်ဆင်နေသည့် အခြေအနေများ မြင်တွေ့ရကြောင်း PNLA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- SSPP တပ်တချို့။

မိုင္းပြန္တြင္ SSPP ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ားႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲျပင္းထန္ေနၿပီး ျပည္သူမ်ား စစ္ေဘးေရွာင္ေနရ
ေဖေဖာ္ဝါရီ ၂၂
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းပြန္ၿမိဳ႕တြင္ ရွမ္းျပည္တိုး တက္ေရးပါတီ ရွမ္းျပည္တပ္မေတာ္ SSPP/SSA ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ားႏွင့္ စစ္ေကာင္စီတပ္၊ PNO ျပည္သူ႔စစ္ ပူးေပါင္းတပ္မ်ားအၾကား တိုက္ပြဲျပင္းထန္ေနခဲ့ေၾကာင္း စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ မိုင္းပြန္ၿမိဳ႕အနီး လြိဳင္လင္ဘက္အထြက္ ေက်း႐ြာမ်ားတြင္ တိုက္ပြဲမ်ားျဖစ္ပြားျခင္းျဖစ္ေၾကာင္း၊ အဓိက အားျဖင့္ SSPP တပ္မ်ားႏွင့္ စစ္တပ္ လက္ေအာက္ခံ PNO ျပည္သူ႔စစ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“PNO နဲ႔ SSPP နဲ႔ျဖစ္ၾကတာ။ ဒါေပမယ့္ PNO ဘက္က စစ္ေကာင္စီတပ္ေတြပါသလို SSPP ဘက္ကလည္း မဟာ မိတ္ တပ္ေတြပါတယ္။ လတ္တေလာ မိုင္းပြန္တံတားနဲ႔ လြိဳင္လင္ဘက္အထြက္ကို ပိတ္ထားတယ္။ ဆိုတာ့ မိုင္းပြန္ကို ပိတ္ထားတဲ့သေဘာပဲ။ မိုင္းပြန္ၿမိဳ႕အနီးအနားက ႐ြာေတြအကုန္လုံးေတာ့ စစ္ေရွာင္ေနရတယ္။ တိုက္ပြဲဧရိယာက ဟိုပုံး၊ ေက်ာက္တန္း ပင္လုံ ဘက္အထိ တိုက္ပြဲေတြျပန႔္လာႏိုင္တယ္။ တကယ္တမ္း စစ္ျပင္ထားတာက ဟိုပုံးေက်ာက္တန္းပင္လုံဘက္မွာ။ ထျဖစ္တာက မိုင္းပြန္ဘက္မွာ” ဟု ေတာ္လွန္ေရးမဟာမိတ္ စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။
စစ္ေကာင္စီတပ္က ရွမ္းျပည္နယ္၊ ဟိုပုံးၿမိဳ႕နယ္ဘက္တြင္ ပအိုဝ္း တပ္သား သစ္မ်ား အႀကီးအက်ယ္စုေဆာင္းကာ PNO ျပည္သူ႔စစ္မ်ား၏ အကူအညီျဖင့္ လက္နက္တပ္ဆင္ျခင္း၊ စစ္သင္တန္းေပးျခင္းမ်ား လုပ္ေဆာင္လာေၾကာင္း၊ ေတာင္ႀကီးၿမိဳ႕အထိ တိုက္ပြဲမ်ား မေရာက္ရွိလာေစေရးအတြက္ စစ္တပ္က ခုခံစစ္အတြက္ ႀကိဳတင္ ျပင္ဆင္ေနသည့္ အေျခအေနမ်ား ျမင္ေတြ႕ရေၾကာင္း PNLA စစ္ေရးသတင္းရင္းျမစ္က ရွင္းျပသည္။
ဓာတ္ပုံ- SSPP တပ္တခ်ိဳ႕။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *