နွားထိုးကြီး မွှင်းခါး၇ပွဲ(ရုပ်သံ)

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ နားဘူးအိုင်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဖောင်ချဉ်းကျေးရွာအနီး အရောက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီ ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်ရှိ ခွေးစစ်ကြောင်းက တည်ပင်ရွာမှာရောက်နေတယ်၊ အခုတော့ အထုပ်အပိုးတွေ ပြင်နေ တယ်၊ ဘယ်ထွက်မလဲဆိုတော စောင့်ကြည့်နေကြတုန်းပဲ၊ အဲဒီခွေး ၁၀၀ ပါစစ်ကြောင်းက မန္တလေး ဘက်ကနေ ဆင်းလာတဲ့စစ်ကြောင်းလို့ သိရတယ်၊ မနေ့ကတော့ တိုက်ပွဲမဖြစ်ဘူး၊” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ နွားထိုး ကြီးမြို့နယ် ပကဖ ၊ MDY PDF၊ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့၊ မြင်းခြံ မြို့နယ် ပကဖ နှင့် Myingyan District Drone Strike (MDDS)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး နွားထိုးကြီး PDF တပ်ဖွဲ့မှ တပ်ဖွဲ့တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့က နွားထိုးကြီးမြို့နယ်၊ ဝက်လူးဘက်မှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ဆူးဖြူကုန်းကျေးရွာအရောက် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက် ခဲ့ကြောင်း သိရ သည်။

ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္ စစ္ေၾကာင္းကို တိုက္ခိုက္မႈ စစ္ေကာင္စီတပ္သား ၇ ဦး ေသဆုံး
ေဖေဖာ္ဝါရီ ၂၄
မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္စစ္ေၾကာင္းကို ဗုံးက်ဲပစ္ခတ္တိုက္ခိုက္ခဲ့ ရာ စစ္ေကာင္စီတပ္သား ၇ ဦးေသဆုံးခဲ့ေၾကာင္း ေတာ္လွန္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ မြန္းလြဲ ၁ နာရီခန႔္အခ်ိန္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ နားဘူးအိုင္ဘက္မွ အင္အား ၁၀၀ ခန႔္ျဖင့္ စစ္ေၾကာင္း ထိုး လာေသာ အၾကမ္းဖက္စစ္တပ္စစ္ေၾကာင္းကို ေဖာင္ခ်ဥ္းေက်း႐ြာအနီး အေရာက္ ျပည္သူ႔ကာ ကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၂ နာရီ ခန႔္ အၾကာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္သား ၇ ဦးထက္မနည္းေသဆုံးကာ ၁၀ ဦး ထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“လက္ရွိ ေခြးစစ္ေၾကာင္းက တည္ပင္႐ြာမွာေရာက္ေနတယ္၊ အခုေတာ့ အထုပ္အပိုးေတြ ျပင္ေန တယ္၊ ဘယ္ထြက္မလဲဆိုေတာ ေစာင့္ၾကည့္ေနၾကတုန္းပဲ၊ အဲဒီေခြး ၁၀၀ ပါစစ္ေၾကာင္းက မႏၲေလး ဘက္ကေန ဆင္းလာတဲ့စစ္ေၾကာင္းလို႔ သိရတယ္၊ မေန႔ကေတာ့ တိုက္ပြဲမျဖစ္ဘူး၊” ဟု ေတာ္လွန္ ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာၾကားသည္။
အဆိုပါ တိုက္ခိုက္မႈကို Natogyi People Defense Force ျမင္းၿခံခ႐ိုင္ အမွတ္ ၄ တပ္ရင္း၊ ႏြားထိုး ႀကီးၿမိဳ႕နယ္ ပကဖ ၊ MDY PDF၊ ေ႐ႊၿခံသားေျပာက္က်ား တပ္ဖြဲ႕၊ ဗိုလ္စားေျပာက္ၾကားတပ္ဖြဲ႕၊ ျမင္းၿခံ ၿမိဳ႕နယ္ ပကဖ ႏွင့္ Myingyan District Drone Strike (MDDS)တို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ ၿပီး ႏြားထိုးႀကီး PDF တပ္ဖြဲ႕မွ တပ္ဖြဲ႕တစ္ဦး လက္နက္ႀကီးစ ထိမွန္ဒဏ္ရာ မစိုးရိမ္ရ ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၂၁ ရက္ ေန႔က ႏြားထိုးႀကီးၿမိဳ႕နယ္၊ ဝက္လူးဘက္မွ အင္အား ၃၀ ခန႔္ျဖင့္ စစ္ေၾကာင္း ထိုးလာေသာ အၾကမ္းဖက္စစ္တပ္စစ္ ေၾကာင္းကို ဆူးျဖဴကုန္းေက်း႐ြာအေရာက္ Natogyi People Defense Force ျမင္းၿခံခ႐ိုင္ အမွတ္ ၄ တပ္ရင္းက ဗုံးသီး ၄ လုံးက်ဲခ် တိုက္ခိုက္ ခဲ့ေၾကာင္း သိရ သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *