အညာသားတွေပျူစခန်းကို ဝင်ဆော်(ရုပ်/သံ)

ရွှေဘိုမြို့နယ် သီလုံးပျူစခန်းကို တော်လှန်ရေးတပ်တွေကို ဒုတိယအကြိမ်ထပ်မံစီးနင်း (ရုပ်/သံ)

+++++++++++++++++++

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ရွှေဘိုမြို့နယ် သီလုံးပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒုတိယအကြိမ်ထပ်မံစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

သီလုံးပျူစခန်းအား နံနက် ၁၀ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား တယ်လို့ သိရပါတယ်။ ထို့နောက်ည ၉ နာရီတွင် ပျူစောထီးတွေ အင်အားစုစည်းပြီး ပြန်လည် ထိုးစစ်ဆင်လာရာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး သီလုံးပျူ ၊ပန်းရံပျူ၊ ဇီးကုန်းပျူ၊ ခွန်တောင်းပျူများက သီလုံးရွာမကြီးကို ပြန်လည်အထိုင်ချထားတယ်လို့ သိရပါတယ်။

အဆိုပါပျူစောထီးတွေဟာ သီလုံးရွာအနောက်ဘက်ရှိ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်လေ့ ရှိတာကြောင်း ဒုတိယအကြိမ်ထပ်မံစီးနင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဗိုလ်လင်းရောင်(ဒပယ)Buffalo Soldiers Freedom Force၊ တန(၂) တပ်ပေါင်းစုနဲ့ ဇာမဏီဒေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သီလုံးပျူစခန်းကို ဖေဖော်ဝါရီ ၂၁ ရက် စီးနင်းစဉ်က ကာပိုင် ၁ လက်၊ ကိုးလုံးပြောင်းချော ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *