ခွင့်နှင့်ပြန်လာရာမှ တစ်သက်တာခွင့်ပါရသွားတယ်

သထုံတွင် ခွင့်ပြန်လာသည့် ခလရ ၁၁ ဝါးယားချောင်း(ပုသိမ်) ဗိုလ်ကြီး စောထွန်းနောင် ပစ်ခတ်ခံရပြီး သေဆုံး

ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခွင့်ပြန်လာသည့် ခလရ ၁၁ ဝါယားချောင်း(ပုသိမ်)မှ ဗိုလ်ကြီးစောထွန်းနောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သထုံခရိုင် အထူးပြောက်ကျားတပ်ဖွဲ့မှ သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ အချိန် သထုံမြို၊ဂေါ့သန်ကျေးရွာ၊ တိုးဂိတ်အနီးတွင် ဗိုလ်ကြီးစောထွန်းနောင်ကို ပစ်ခတ်ရှင်းလင်းခြင်းဖြစ် ကြောင်း၊ တိုးဂိတ်တွင် အလုပ်လုပ်သည့် မိန်းမဖြစ်သူကို ပို့ပြီး ပြန်လာသော ဗိုလ်ကြီးစောထွန်းနောင်ကို အနီးကပ်ပစ်ခတ်ရာ သေနတ် ဒဏ်ရာ ၆ ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီးစောထွန်းနောင်တွင် နဖူးဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊လက်မောင်း (ညာ) ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“စစ်မှုထမ်းဥပဒေကို ဖော်ဆောင်မယ့် စစ်မှုထမ်းဟောင်း၊ ရပ်ကျေးတာဝန်ရှိသူတွေကို အသိပေး တပ်လှန့်တာပါ။ သထုံအထူးပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ စစ်သားသစ်စုဆောင်းတာမှ ပါဝင်တဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူသွားမယ်” ဟု သထုံအထူးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *