အိုးဘဲဥ အပါအဝင်မွှင်းခါး၁၅ပွဲ ရှယ်ကြိတ်

ကလေး မြို့နယ် စစ်​ကောင်စီတပ်စခန်း ၃ ခုသိမ်းတိုက်ပွဲ အရာရှိအပါအဝင်စစ်တပ် ၁၅ဦးသေ၊ လက်နက် မျိုးစုံ ၁၂လက်ရဟု အမှတ်(၁) စစ်ဒေသထုတ်ပြန် မောင်မောင်၊​

စော​နွေဦး /People’s Spring

စစ်ကိုင်းတိုင်း ၊ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းများအား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ထုတ်ပြန်အသိပေးသည်။ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့မှု အခြေအနေကို အသိပေးဖော်ပြခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကိုလည်း ပြသခဲ့သည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မင်းခန့်ဇင် ဦးစီးသော ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံ တပ်ဖွဲ့ဝင်များ ရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၁၅ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက် နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။စစ်ကောင်စီတပ်များကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း အရပ်သား ၆ ဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အရပ်သား ၆ဦးတွင် ကလေးငယ် နှစ်ဦးနှင့် မိသားစု သုံးဦးပါဝင်ကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၂ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများစခန်းချထားသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

ကလေးမြို့မြောက်ပိုင်းရှိ ကံကြီးရွာစခန်းနှင့် ကံသာယာရွာ ရှိ စစ်တပ်နှင့် ပျူ​စောထီးစခန်းတို့ကိုလည်း ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းသည်။တိုက်ပွဲတွင် ​တော်လှန်​ရေးအဖွဲ့များမှ ၂ ဦးကျဆုံး​ကြောင်း အမှတ် ၁ စစ်​ဒေသက ထုတ်ပြန်သော်လည်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် သုံးဦး ကျဆုံးခဲ့​ကြောင်းအသိ​ပေးထားသည်။”သူတို့ကျတာ မှန်ပါတယ်။ အခြားရဲဘော်တစ်ဦးလည်းတိုက်ပွဲမှာ ကျပါသေးတယ်”ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ထို​ကြောင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ​ဖေ​ဖော်ဝါရီ ၂၃ ရက်တွင်ကျဆုံးခဲ့ခြင်းဖြစ်​ကြောင်း CNO/CNDF ကလည်းထုတ်ပြန်ထားသည်။

စခန်းများကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်များကိုလည်း မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်သူ ၄၀ ခန့်အထိရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ထိုအပြင် ကလေးမြို့နယ်အတွင်း ​ဖေ​ဖော်ဝါရီ ၂၄ ရက်ညတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။ သို့​သော် အမှတ် ၁ စစ်​ဒေသက ​ဖေ​​ဖော်ဝါရီ ၂၄ ရက်တိုက်ပွဲအ​ခြေအ​နေကို သတင်းမထုတ်ပြန်​သေး​ပေ။(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-အမှတ်(၁) စစ်​ဒေသ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *