မန္တလေး အဖ-မ်းစီးကျမ်းနေဘီ သတိထားကြ

မန္တလေး၊ အောင်ပင်လယ်မှာ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်၁၀ဦးကို စစ်တပ် ဖမ်းဆီး

ဖေဖော်ဝါရီ ၂၅

မန္တလေးမြို့၊ အောင်ပင်လယ်ရွာမှာ ဒီကနေ့မှာ နေ့လည်ပိုင်း စစ်တပ်က ဧည့်စာရင်းစစ်ပြီး လူငယ် ၁၀ဦးခန့် ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။”စစ်တပ်နဲ့ ရပ်ကွက်လူကြီးရော ထွေအုပ်ကလည်းပါတယ် ဧည့်စာရင်းစစ်ရင်းနဲ့ ဆွဲခေါ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့တွင် ပုံမှန်ဆိုရင် ဧည့်စာရင်းကို ညပိုင်းအချိန်မှသာ စစ်လေ့ရှိပြီး ယခုဖြစ်စဉ်တွင်မူ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်များကို သက်သက်မဲ့ ဖမ်းဆီးခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

လက်ရှိမှာ အဲဒီ လူငယ်၁၀ဦးကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလည်းဆိုတာကိုလည်း မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မန္တလေးမြို့မှာ စစ်တပ်က ဧည့်စာရင်းစစ်တာတွေကို ယခင်ကထက် ပိုမိုပြုလုပ်လာပြီး လူငယ်တွေကို ဖမ်းဆီးကာ ငွေကြေးတောင်းခံနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အဓိကက ငွေညှစ်ချင်တာပါ အောင်ပင်လယ်ထဲမှာ ပျူစောထီးတွေက ကြီးစိုးနေတာ ငွေညှစ်ချင်လို့ ဖမ်းသွားတာလို့ပဲထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ညပိုင်းကလည်း မန္တလေးမြို့၊ စက်မှုမြို့သစ် စွယ်တော်ကားဝင်းအနောက်ဘက်ရှိ ရွှေစံပယ်တည်းခိုခန်းကို စစ်တပ်က ဧည့်စာရင်းဝင်စစ်ပြီး တည်းခိုခန်းပိုင်ရှင်အပါအဝင် လာရောက်တည်းခိုနေတဲ့ လူငယ်တွေကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စစ်ဆေးနေမှု (ပုံအဟောင်းဖြစ်ပါတယ်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *