မူးပီးမောင်းတော့ လမ်း ဘေးထိုးအိပ်တဲ့ ကိုလှဆွေ

မြစ်ကြီးနားတရားရုံးမှ ပြန်လာသည့် အချုပ်ကားတစ်စီးပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

ဖေဖော်ဝါရီလ ၂၉ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တရားရုံးမှ ဝိုင်းမော်မြို့ဘက်သို့ ပြန်လာသည့် အချုပ်ကားတစ်စီးသည် ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)၊ ညနေ ၄နာရီခွဲခန့်တွင် နောင်တာလောကျေးရွာ၊ ရပ်ကွက် ၃အနီး ပစ်ခတ်ခံရပြီး ကားမောင်းသူ ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဝိုင်းမော်က အမှုသည်တွေ မြစ်ကြီးနားခရိုင်ရုံးချိန်းကအပြန် အပစ်ခံရပြီး ဘက်ဟိုးနဲ့တူးထားတဲ့ လမ်းဘေးမြောင်းကြီးထဲ ထိုးကျတာ၊ ပစ်သွားတဲ့သူတွေကိုတော့ လိုက်ရှာနေကြတယ်၊ ယာဥ်ပေါ်မှာပါတဲ့ ရဲတစ်ဦးကတော့ ဒဏ်ရာရလို့ သေသွားတယ်” ဟု မျက်မြင်တွေရှိခဲ့သူကို ကိုးကား၍ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ မြစ်ကြီးနားသို့ အချုပ်သားများပို့ဆောင်ပြီး ဝိုင်းမော်မြို့နယ်သို့ ပြန်လာသည့် အချုပ်ကားကို PDF အဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ “ဘာမှမပါတဲ့ အခွံလွတ်ကားကိုတော့ အသက်ရင်းပြီး ဘယ်သူမှ တိုက်ခိုက်မယ် မထင်မိဘူး။ အတွင်းသတင်းရလို့ သေချာတာနဲ့ ဝင်တိုက်တာမျိုးဘဲ၊ မြစ်ကြီးနားက ပြန်လာတော့ နေရာတိုင်းလိုလိုမှာ ရဲတွေကို တွေ့တယ်။

လူရှာနေတာပဲ ဖြစ်မယ်” ဟု မြစ်ကြီးနားမှ ပြန်လာသည့် ဝိုင်းမော်မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက သုံးသပ်သည်။ တိုက်ခိုက်ခံရမှုကြောင့် မြောင်းထဲသို့ ကျနေသည့် အချုပ်ကားကို ကရိန်းဖြင့် ထုတ်ယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် ဝိုင်းမော်မြို့နယ်၌ စစ်ကောင်စီလက်အောက်ခံ လော်ဝေါ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မိတ်ဆုံစားပွဲပြုလုပ်နေစဥ် ပစ်ခက်ခံရသည့်အတွက် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။Photo – လူမှုကွန်ရက် (ပုံစာ – ပစ်ခတ်ခံရသည့် အချုပ်ကားအားတွေ့ရစဉ်)

ျမစ္ႀကီးနားတရား႐ုံးမွ ျပန္လာသည့္ အခ်ဳပ္ကားတစ္စီးပစ္ခတ္ခံရၿပီး ရဲတစ္ဦးေသဆုံးေဖေဖာ္ဝါရီလ ၂၉ ရက္ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္တရား႐ုံးမွ ဝိုင္းေမာ္ၿမိဳ႕ဘက္သို႔ ျပန္လာသည့္ အခ်ဳပ္ကားတစ္စီးသည္ ယမန္ေန႕(ေဖေဖာ္ဝါရီ ၂၈ရက္)၊ ညေန ၄နာရီခြဲခန႔္တြင္ ေနာင္တာေလာေက်း႐ြာ၊ ရပ္ကြက္ ၃အနီး ပစ္ခတ္ခံရၿပီး ကားေမာင္းသူ ရဲတစ္ဦး ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။”ဝိုင္းေမာ္က အမႈသည္ေတြ ျမစ္ႀကီးနားခရိုင္႐ုံးခ်ိန္းကအျပန္ အပစ္ခံရၿပီး ဘက္ဟိုးနဲ႕တူးထားတဲ့ လမ္းေဘးေျမာင္းႀကီးထဲ ထိုးက်တာ၊ ပစ္သြားတဲ့သူေတြကိုေတာ့ လိုက္ရွာေနၾကတယ္၊ ယာဥ္ေပၚမွာပါတဲ့ ရဲတစ္ဦးကေတာ့ ဒဏ္ရာရလို႔ ေသသြားတယ္” ဟု မ်က္ျမင္ေတြရွိခဲ့သူကို ကိုးကား၍ ဝိုင္းေမာ္ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။ စစ္ေကာင္စီ၏ ဝါဒျဖန႔္တယ္လီဂရမ္ခ်န္နယ္မ်ားတြင္မူ ျမစ္ႀကီးနားသို႔ အခ်ဳပ္သားမ်ားပို႔ေဆာင္ၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္သို႔ ျပန္လာသည့္ အခ်ဳပ္ကားကို PDF အဖြဲ႕က မိုင္းေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ “ဘာမွမပါတဲ့ အခြံလြတ္ကားကိုေတာ့ အသက္ရင္းၿပီး ဘယ္သူမွ တိုက္ခိုက္မယ္ မထင္မိဘူး။ အတြင္းသတင္းရလို႔ ေသခ်ာတာနဲ႕ ဝင္တိုက္တာမ်ိဳးဘဲ၊ ျမစ္ႀကီးနားက ျပန္လာေတာ့ ေနရာတိုင္းလိုလိုမွာ ရဲေတြကို ေတြ႕တယ္။ လူရွာေနတာပဲ ျဖစ္မယ္” ဟု ျမစ္ႀကီးနားမွ ျပန္လာသည့္ ဝိုင္းေမာ္ၿမိဳ႕နယ္ေဒသခံ အမ်ိဳးသမီးတစ္ဦးက သုံးသပ္သည္။ တိုက္ခိုက္ခံရမႈေၾကာင့္ ေျမာင္းထဲသို႔ က်ေနသည့္ အခ်ဳပ္ကားကို ကရိန္းျဖင့္ ထုတ္ယူခဲ့ေၾကာင္း သိရသည္။ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၇ ရက္တြင္ ဝိုင္းေမာ္ၿမိဳ႕နယ္၌ စစ္ေကာင္စီလက္ေအာက္ခံ ေလာ္ေဝၚျပည္သူ႕စစ္တပ္ဖြဲ႕ဝင္မ်ား မိတ္ဆုံစားပြဲျပဳလုပ္ေနစဥ္ ပစ္ခက္ခံရသည့္အတြက္ ၇ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေသးသည္။Photo – လူမႈကြန္ရက္ (ပုံစာ – ပစ္ခတ္ခံရသည့္ အခ်ဳပ္ကားအားေတြ႕ရစဥ္)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *