ဗိုလ်နဂါးက အချက်အလက်အမှားများသုံးပြီး ပြည်သူကို စည်းရုံးခြင်း၊ ရဲဘော်များအား သစ္စာဖောက်ဟု စွပ်စွဲခြင်းအား ယင်းမာပင်ခရိုင် တပ်ရင်း ၄ခု ထုတ်ပြန်ရှင်းလင်း▪︎
NUG ကာကွယ်ရေးကွပ်ကဲမှု ခံယူခြင်းကြောင့် အကြမ်းဖက်အင်အားသုံးပြီး လက်နက်သိမ်းယူခြင်း အခြေအနေကို ရှင်းပြ
▪︎ဗိုလ်နဂါးလုပ်ဆောင်ချက်များ စစ်ရေး၊ တော်လှန်ရေးအပေါ် ထိခိုက်ဟုပြောမိုးမိုး/People’s Springမြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ခေါင်းဆောင်ဗိုလ်နဂါး အနေဖြင့် အချက်အလက်အမှားများကို အသုံးပြုပြီး ပြည်သူကို စည်းရုံးခြင်း၊ လက်အောက်ခံရဲဘော်များအား သစ္စာဖောက်ဟု စွပ်စွဲပြီး ရဲဘော်များအပေါ် အကြမ်းဖက်မှုအား ဖုံးဖိရန် ဆောင်ရွက်ခြင်းတို့ကျူးလွန်ခဲ့ကြောင်း ဗိုလ်နဂါးဦးဆောင်မှုကို လက်မခံတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု ခံယူခဲ့သည့် ယင်းမာပင်ခရိုင် တပ်ရင်း လေးခုက ယနေ့တွင်ထုတ်ပြန်ရှင်းလင်းခဲ့သည်။
ဗိုလ်နဂါးက အွန်လိုင်းအသုံးပြုပြီး ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆) တို့အား စွပ်စွဲပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး အဆိုပါ တပ်ရင်း ၄ ရင်းမှ တပ်ရင်းမှူးများက စက်တင်ဘာ ၁၉ရက် ရက်စွဲဖြင့် ဗိုလ်နဂါး၏ ပြောဆိုမှုများအား ပြန်လည်ရှင်းလင်းလာခြင်းဖြစ်သည်။
“ဗိုလ်နဂါး တဖက်သတ် ပြောဆိုထားသလို ကျနော်တို့ တပ်ရင်းမှူး ၄ဦးထဲရှိ မည်သူ တစ်ဦးတစ်ယောက်ကမှ အဖွဲ့အစည်းအပေါ် သစ္စာဖောက်ခြင်း၊လက်နက်များ သိုဝှက်ကဲ့ထားခြင်း၊ အလွဲသုံးစားပြုခြင်း လုံး၀ မရှိခဲ့ပါ” ဟု တပ်ရင်း လေးခု၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ဗိုလ်နဂါးက အွန်လိုင်းမှ Live လွှင့်၍ တဖက်သတ် မှားယွင်းစွာ စွပ်စွဲပြောဆိုချက်များ ဖြစ်စဉ်ဖြစ်ရပ် များကို ရှင်းလင်းခြင်းဖြစ်ပြီး သိက္ခာကို ထိပါးခြင်း၊ ပြည်သူများအချက်အလက်အမှားများ ထပ်ခါ ထပ်ခါ ကြားပြီး အမှန်တရား နှင့် ဝေးကွာမည် စိုးရိမ်၍ ရှင်းလင်းတင်ပြခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
“ မြေပြင်မှာလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ပါတယ် ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း ရဲဘော်တွေအပေါ် အကြမ်းဖက်ချင်စိတ်ရှိတဲ့ ခေါင်းဆောင်တစ်ဦးဟာ ကျွန်တော်တို့ ရင်း၄ရင်းနဲ့ ကွဲပြီးနောက်မြေပြင်ဒေသကပြည်သူတွေကို စည်းရုံးတို့ မရတဲ့အခါ အွန်းလိုင်းမှာ သူပြောသမျှပဲ သိတဲ့ ပြည်သူတွေကို စည်းရုံးနေတယ်ပါပဲ ဒါကြောင့်လည်း ကျွန်တော်တို့အနေ ဒီရှင်းလင်းချက်အမှန်တရားကိုထုတ်ပြန်ရတာပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၄) တပ်ရေးဗိုလ် မိုးဇက်က ပြောသည်။ MRDA အဖွဲ့အစည်းတွင်း အစပြုသည့် ပြသနာမှာ မူဝါဒ အားနည်းခြင်း၊မူဘောင်မရှိခြင်းများအပြင်ခေါင်းဆောင်လူကြီး၏ ကျူးလွန်ဖောက်ပြန်မှုကို မည်သူက မည်သို့ဆောင်ရွက်ပေးမလဲဟု ဩဂုတ် ၁၅ရက် အစည်းအဝေး၌မေးမြန်းမှုကိုဗိုလ်နဂါးက ပြန်လည်မဖြေခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ဥပဒေအထက်တွင် ခေါင်းဆောင်တစ်ဦး ရှိသည့် အဖွဲ့အစည်း ပုံစံဖြစ်နေ၍ ဖြစ်ကြောင်း ထုတ်ပြန်ရှင်းလင်းသည်။
ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ရင်း ၄ရင်းအား ရပ်ဆိုင်း၊ ထုတ်ပယ် သတင်းကြားရ၍ ကာကွယ်ရေးဝန်ကြီးဌာနထံ ချိတ်ဆက် မေးမြန်းခွင့်ရှိသူဟု ဩဂုတ် ၁၅ရက် အစည်းအဝေး၌ တင်ပြခဲ့ကြောင်း၊ ဗိုလ်နဂါးက တပ်ရင်း ၄ရင်းအား အသစ်ဖွဲ့သည့် BNRA(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) သို့ လုံး၀ဝင်ရောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း ရှင်းလင်းချက်၌ ဖော်ပြသည်။ ဗိုလ်နဂါးက ၎င်းနောက် အလုံးစုံ မလိုက်ဘဲ ကာကွယ်ရေးဝန်ကြီးဌာနက နှင့် ချိတ်ဆက်လိုပါက လက်နက်များ ၂ရက်အတွင်း အပ်နှံရမည်ဟု ဆုံးဖြတ်ခဲ့သည့်အပြင်လက်နက်များ မအပ်ပါက မြို့နယ်ခြား မဟာမိတ်နှင့် ၎င်း၏ လက်အောက်ခံများကို ခေါ်ယူ တိုက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း၊ထို့ပြင် မြို့နယ်အတွင်း စစ်တလင်း ဖြစ်အောင် လုပ်မည်ဟု ပြောဆိုခဲ့ရာ MRDA နာယကများက တပ်ရင်းမှူးများ ရဲဘော်များကို ဗိုလ်နဂါးထံ လက်နက်အပ်ရန် ပြောဆိုခဲ့ကြောင်း ထုတ်ပြန်သည်။အချင်းချင်း ပစ်ခတ်မှုများဖြစ်ပြီး တော်လှန်ရေးသမိုင်းဆိုးတစ်ရပ်ဖြစ်မည်စိုးရိမ်၍ ဗိုလ်နဂါး၏ အကြမ်းဖက်မှုများကို ရှောင်တိမ်းကြရန် စခန်းသို့ လာရောက်ပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် ဗိုလ်နဂါးက မြို့နယ်ခြား ရဲဘော်များကို ခေါ်၍လိုက်လာကြောင်း၊ တော်လှန်ရေးသမားအချင်းချင်းပစ်ခတ်မှုများ မဖြစ်စေရန် ဗိုလ်နဂါးထံသို့လက်နက်များ အပ်ခံခဲ့ကြောင်း၊ ဗိုလ်နဂါးအနေဖြင့် ခဲယမ်း၊ ဆန်၊ဆီ၊ရဲဘော်စီးပွိုင့်ဖိနပ်များ ၊ အဝတ်အစားများ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာကအစအားလုံးသိမ်းယူခြင်းဖြစ်၍ ရဲဘော်များသည် စီးနေသော ဖိနပ်များ၊ အဝတ်အစားများချွတ်၍ ပေးအပ်ခဲ့ရာ ဗိုလ်နဂါးနှင့်အတူလက်နက်သိမ်း လိုက်လာသည့်ရဲဘော်များကသိမ်းယူသွားခဲ့သည်ဟု ဖော်ပြထားသည်။“ ဗိုလ်နဂါး၏ Live လွှင့်ပြောဆိုချက်များထဲက လက်နက်အားလုံးယူ၍ MOD လက်အောက်သို့ဝင်ရောက်မည်ဖြစ်သော သတင်းကြောင့် လက်နက်များ သိမ်းရသည်ဆိုသည်မှာ၎င်းမှ မိမိရဲဘော်များအပေါ် အကြမ်းဖက်လုပ်ရပ်အမှန်ကို ဖုံးဖိလိုခြင်းကြောင့် ပြောကြားခြင်းသာဖြစ်ပါသည်” ဟု တပ်ရင်း ၄ခုက ရှင်းလင်းထားသည်။ထို့ပြင် ဗိုလ်နဂါး၏ဦးဆောင်မှုနောက်သို့ ဆက်လက်လိုက်ပါသော ရဲဘော်မှာ လည်း၁၀ရာခိုင်နှုန်းပင် မပြည့်ကြောင်း၊ ဗိုလ်နဂါးနှင့်အတူရှိနေသည့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးအဖွဲ့၊ လုံခြု့ရေးရဲဘော်များအပါအဝင် MRDA ပင်မ တပ်ရင်း (ခရိုင်တပ်ရင်း-၃)မှ ၁၅ဦးခန့်သာ လိုက်ပါသွားကြောင်း၊ ဗိုလ်နဂါး မီဒီယာတွင်ပြောနေ သကဲ့သို့ ၎င်းနှင့်အတူ ခရိုင် တပ်ရင်း ၂ရင်းပြန်လည်လိုက်ပါပြီး တပ်ရင်း တစ်ရင်းနားသည် ဆိုသည်မှာ ပြည်သူကို လိမ်ညာပြောဆိုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ပြည်သူများထည့်ဝင်သော ငွေကြေးအားလုံးသည် ဗိုလ်နဂါး၏ အရှိန်အဝါ၊ ဗိုလ်နဂါးနာမည်ကြောင့် လှူခြင်းဖြစ်၍ ရဲဘော်များ၏ ပေးဆပ်တိုက်ပွဲဝင်ရခြင်းနှင့် မသက်ဆိုင်သလိုပြောလေ့ရှိသည့် ဗိုလ်နဂါး၏ ပြောဆိုခံယူချက် လုပ်ရပ်များမှာ ဒီမိုကရေစီတော်လှန်ရေးအတွက် ရည်ရွယ်ပြီးတိုက်ပွဲဝင်နေသော ရဲဘော်များအား အသိအမှတ် မပြုသည်ကိုပြည်သူများ သိစေအပ်သည်ဟုလည်း ယင်းမာပင်ခရိုင် တပ်ရင်း ၄ခုက ထုတ်ပြန်သည်။ မြို့နယ် ၄ခုမှ ပကဖများနှင့် ပူးပေါင်း၍ ဗိုလ်နဂါးကိုဖမ်းရန် ကြံစည်သည်ဆိုသည့် ပြောဆိုချက်မှာလည်း လုံး၀ မမှန်ကန်ကြောင်းရှင်းလင်းခဲ့သည်။ပုလဲမြို့နယ်အပါအဝင် မည်သည့် မြို့နယ်များကို ရည်ရွယ်သည်ဆိုသည်ကို မသိသော်လည်း တပ်ရင်းမှူးများအနေဖြင့် မြို့နယ်ပအဖ၊ ပကဖ အစည်းအဝေး ဖိတ်ကြားလျင်ပင်ဗိုလ်နဂါးကို အသိပေးတက်ရောက်ခဲ့ကြောင်း၊ ဗိုလ်နဂါးနှင့် မြို့နယ် ပအဖ၊ ပကဖ ပွတ်တိုက်မှုများ ရှိလာသည့်အခါ ခေါင်းဆောင်၏ကွပ်ကဲညွှန်ကြားမှုအတိုင်းသာ ရပ်တည်၍ မြို့နယ် ပအဖ ၊ ပကဖ နှင့် ဆက်ဆံရေးအေးစက်ခဲ့ရကြောင်း ရှင်းပြသည်။ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း ဆက်သွယ်ခဲ့ဖူးခြင်း မရှိသည့်အပြင် ပြင်ပဆက်သွယ်ရေးကဏ္ဍအားလုံးကိုဗိုလ်နဂါးသာ ဆောင်ရွက်ခဲ့ကြောင်း၊ ဗိုလ်နဂါး လက်နက်သိမ်းဖြစ်စဉ် လုပ်ဆောင်ခဲ့သည့် ဩဂုတ် ၁၈ရက်ပြီးနောက် ဩဂုတ် ၂၀ရက် မှသာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ရုံးကိုပထမဆုံးအကြိမ်ချိတ်ဆက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။“ထုတ်ပြန်ချက်က ဒေသခံပြည်သူတွေတပ်ရင်းမှူးတွေ ရဲဘော်တွေ MRDA ရဲ့ နာယကတွေ ဆွေးနွေးပြီးမှ တရား၀င် ထုတ်ပြန်တာပါဗျ” ဟု ယင်းမာပင် ခရိုင် တပ်ရင်း(၃)မှ တပ်ရေးအရာရှိက ပြောပြသည်။ယခု ထုတ်ပြန်ချက်မှာ ဗိုလ်နဂါး၏ စွပ်စွဲချက်များအပေါ် ဖြေရှင်းခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။“သူ့အနေနဲ့ ဒီထုတ်ပြန်ချက်ကနေ သူ့အမှားသူသိပြီး ပြင်သွားစေချင်ပါတယ် သူ့အပေါ် သူလုပ်ထားတဲ့ပုဂ္ဂိုလ်ရေး အမှားတွေ နဲ့ မတိုက်ခိုက်ပါဘူး” ဟု တပ်ရင်း(၃) တပ်ရေးအရာရှိက ပြောသည်။ဗိုလ်နဂါး၏ လုပ်ဆောင်ချက်များကြောင့် ဒေသတွင်း စစ်ရေးအား ထိခိုက်သည်ဟုလည်း ၎င်းက ဆိုသည်။ “MRDA အနေနဲ့ ပင်တိုင်တိုက်ပွဲ၀င်ေနခဲ့တဲ့ တပ်ရင်း ၃/၄/၅ရဲဘော် ၂၀၀ လောက်ရဲ့ လက်ထဲက သေနတ်တွေ သိမ်းသွားတာ။ ခု ပုလဲမှာ စစ်ကြောင်းရှိတယ်” ဟု တပ်ရင်း(၃) တပ်ရေးအရာရှိက ပြောသည်။ဆက်လက်၍ ၎င်းက “ခု ပုလဲမှာ စစ်ရေးထက် သူပြောဆိုတာတွေက ပြည်သူတွေ စိတ်ညစ်ရလို့ စစ်ကြောင်းတိုက်ဖို့ထက် ထုတ်ပြန်ချက် လုပ်တယ်” ဟုလည်း ပြောသည်။တပ်ရင်း(၅)တပ်ရေးဗိုလ်ကလည်း MRDA အောင်မြင်ခြင်းမှာ အားလုံး ရိုးသားစွာကြိုးစားခဲ့၍ ဖြစ်သည်ဟု ပြောသည်။ “ခုချိန်ကျတော့ သူ(ဗိုလ်နဂါး)လုပ်လို့ရတာဆိုပြီးလိုင်ပေါ်မှာပြောတယ်။ တကယ်မြေပြင်မှာ။လုပ်နေတာနေတာကြတော့။ ဘယ်လိုမြင်လဲဆိုတော့ တကိုယ်ကောင်းဆန်လာတယ်လို့ ပထမပြောချင်တယ်ဗျ။ သူ့အနေနဲ့ ရဲဘော်တွေအပေါ် လူလိုဆက်ဆံဖို့ပါပဲ” ဟု တပ်ရင်း(၅) တပ်ရေးဗိုလ်က ပြောကြားသည်။