Breaking News- မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန် စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျလာကြောင်း ၊ လေယာဉ်မှူးမှာမူ လေထီးဖြင့် ခုန်ထွက်လာနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ “လေယာဉ်က ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ပျက်ကျတယ်။
စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် မှာ ပျက်ကျတာ။ အခု ရဟတ်ယာဉ်တွေ အများကြီးပဲ လာနေတယ်။ ရဲတွေလည်း လာနေကြပြီ။ လေယာဉ်မှူးကတော့တ စ်ဦးတည်းပဲ။ လေယာဉ်ကတော့ မီးလောင်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။