⚽မတို့ရေ နေပြည်တော်ရောက်နေဘီနော်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ညောင်ပတ်ရဲကင်းစခန်းကို ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့…++++++++++++++++

ဖေဖော်ဝါရီ ၂၉ – ၂၀၂၄

နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်းခဲ့တယ်လို့ OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ ညောင်ပတ်ရဲကင်းစခန်းကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဖေဖော်ဝါရီ ၂၉ ရက်နေ့ မနက် ၉ နာရီ ၂၅ မိနစ်ခန့်မှာ ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီရဲကင်းစခန်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက ၄ လ ကျော်ကြာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့တဲ့ ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ တပ်စွဲ မနေထိုင်တော့ဘူးလို့ ဆိုပါတယ်။ ညောင်ပတ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကား ၆ စီးနဲ့ ရောက်ရှိနေပြီး မနေ့က ညဦးပိုင်းအထိ စစ်တပ်က အင်အားများ ထပ်မံဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *