ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစော ပိုင်း တော်လှန် ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်လိုက်သဖြင့် မီးလောင်နေသည့် မြင်ကွင်းဗီဒီယို (ရုပ်/သံ)
ရန်ကုန်၊ မတ် ၁
ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖက တရားဝင် ကြေညာလိုက်သည်။
ရန်ကုန်မြစ်အတွင်းမှ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ဆီချရန် စောင့်ဆိုင်းနေသော Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ချိန်ကိုက်TNT မိုင်း အသုံးပြု၍ ပေါက်ကွဲမှုဖြစ်စေရန် မစ်ရှင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ရက် လောက်တည်းက မြစ်ဝရောက်နေတာ။ အရင်က သီလဝါကိုပဲ ကပ်နေတဲ့ လေယာဥ်ဆီတင်တွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါကြောင့် သင်္ဘောရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲဘော်တွေက မစ်ရှင်ဖော်ဆောင်ဖို့ စောင့်နေခဲ့ကြတာ။ မနေ့က ၂၉ ရက်နေ့ည ၈နာရီလောက်မှာ ဒီမစ်ရှင်အတွက် စနစ်တကျပြင်ဆင်စေလွှတ်ပြီး သင်္ဘောပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ကို အငွေ့ကန်နား ထားခဲ့နိုင်ပါတယ်။ လုံခြုံရေးတွေ သတိမပြုမိအောင်ရယ် ကိုယ့်လူတွေ safety ဖြစ်အောင်ရယ် အချိန် ၅နာရီလောက် Timer ပေးခဲ့ရတာပါ။ ည ၁နာရီ၄၅ လောက်မှာ ပေါက်ကွဲအောင် ထားခဲ့တာ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက အငွေ့ကန်ကို ကပ်နိုင်အောင် ပညာရှင်တွေနဲ့သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုးစားခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် တော်လှန်ရေးရဲဘော်များ လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
“ရဲဘော်တွေ လုံခြုံစိတ်ချရတဲ့နေရာ ရောက်မှ သတင်းထုတ်ပြန်မှုလုပ်ရခြင်းဖြစ်ပါတယ်။ အခု မစ်ရှင်ကြောင့် စကစ ဟာ အထိနာခဲ့ပြီး လေယာဥ်ဆီပြတ်လပ်မှုဖြစ်သွားနိုင်လို့ တော်လှန်ရေးအင်အားစု တွေ လုပ်စရာရှိတာ အားစိုက်လုပ်ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းထားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့သင်္ဘောကို မနက်၄နာရီကျော်မှာတွန်းသင်္ဘောနဲ့ ရန်ကုန်မြစ်ဝဘက်ဆွဲသယ်ပြီး အစဖျောက်ထားတယ်လို့ သိရပါတယ်” ဟု ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူက ရှင်းပြသည်။
ရန္ကုန္ျမစ္အတြင္း စစ္တပ္၏ ေလယာဥ္ဆီတင္သေဘၤာကို ယေန႔ နံနက္အေစာ ပိုင္း ေတာ္လွန္ ေရးတပ္ဖြဲ႕က ေဖာက္ခြဲတိုက္ခိုက္လိုက္သျဖင့္ မီးေလာင္ေနသည့္ ျမင္ကြင္းဗီဒီယို (႐ုပ္/သံ)
ရန္ကုန္၊ မတ္ ၁
ရန္ကုန္ျမစ္အတြင္း စစ္တပ္၏ ေလယာဥ္ဆီတင္သေဘၤာကို ယေန႔ နံနက္အေစာပိုင္း ေဖာက္ခြဲတိုက္ခိုက္ႏိုင္ခဲ့ဟု ရန္ကုန္တိုင္းပကဖက တရားဝင္ ေၾကညာလိုက္သည္။
ရန္ကုန္ျမစ္အတြင္းမွ စစ္တပ္၏ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ထီးတန္းဆိပ္ကမ္းသို႔ ဆိုက္ကပ္ၿပီး ဆီခ်ရန္ ေစာင့္ဆိုင္းေနေသာ Jet A1 ေလယာဥ္ဆီတင္ MV သေဘၤာကို ရန္ကုန္တိုင္းပကဖ (ေရငုပ္အထူးတပ္ဖြဲ႕)က ခ်ိန္ကိုက္TNT မိုင္း အသုံးျပဳ၍ ေပါက္ကြဲမႈျဖစ္ေစရန္ မစ္ရွင္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကုန္တိုင္းပကဖ တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာၾကားသည္။
“ဒီသေဘၤာက လြန္ခဲ့တဲ့ ၂ရက္ ေလာက္တည္းက ျမစ္ဝေရာက္ေနတာ။ အရင္က သီလဝါကိုပဲ ကပ္ေနတဲ့ ေလယာဥ္ဆီတင္ေတြ ထီးတန္းဘက္ လာကပ္မယ္လို႔ ႀကိဳသတင္းရထားတာ။ ဒါေၾကာင့္ သေဘၤာေရာက္လာကတည္းက အခ်ိန္ယူျပင္ဆင္ၿပီး ေရငုပ္ကြၽမ္းက်င္ရဲေဘာ္ေတြက မစ္ရွင္ေဖာ္ေဆာင္ဖို႔ ေစာင့္ေနခဲ့ၾကတာ။ မေန႔က ၂၉ ရက္ေန႔ည ၈နာရီေလာက္မွာ ဒီမစ္ရွင္အတြက္ စနစ္တက်ျပင္ဆင္ေစလႊတ္ၿပီး သေဘၤာေပၚတက္ ခ်ိန္ကိုက္မိုင္း TNT 1Kg ကို အေငြ႕ကန္နား ထားခဲ့ႏိုင္ပါတယ္။ လုံၿခဳံေရးေတြ သတိမျပဳမိေအာင္ရယ္ ကိုယ့္လူေတြ safety ျဖစ္ေအာင္ရယ္ အခ်ိန္ ၅နာရီေလာက္ Timer ေပးခဲ့ရတာပါ။ ည ၁နာရီ၄၅ ေလာက္မွာ ေပါက္ကြဲေအာင္ ထားခဲ့တာ။ ဆီကန္ ၇ ကန္ရွိတဲ့အထဲက အေငြ႕ကန္ကို ကပ္ႏိုင္ေအာင္ ပညာရွင္ေတြနဲ႔ေသခ်ာတိုင္ပင္ၿပီး ခက္ခဲစြာ ႀကိဳးစားခဲ့ရတာျဖစ္ပါတယ္” ဟု ရန္ကုန္တိုင္းပကဖမွ တာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိတြင္ ေတာ္လွန္ေရးရဲေဘာ္မ်ား လုံၿခဳံစိတ္ခ်ရသည့္ ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရသည္။
“ရဲေဘာ္ေတြ လုံၿခဳံစိတ္ခ်ရတဲ့ေနရာ ေရာက္မွ သတင္းထုတ္ျပန္မႈလုပ္ရျခင္းျဖစ္ပါတယ္။ အခု မစ္ရွင္ေၾကာင့္ စကစ ဟာ အထိနာခဲ့ၿပီး ေလယာဥ္ဆီျပတ္လပ္မႈျဖစ္သြားႏိုင္လို႔ ေတာ္လွန္ေရးအင္အားစု ေတြ လုပ္စရာရွိတာ အားစိုက္လုပ္ၾကဖို႔ အေရးႀကီးေၾကာင္း တိုက္တြန္းထားပါတယ္။ မီးေလာင္ေပါက္ကြဲတဲ့သေဘၤာကို မနက္၄နာရီေက်ာ္မွာတြန္းသေဘၤာနဲ႔ ရန္ကုန္ျမစ္ဝဘက္ဆြဲသယ္ၿပီး အစေဖ်ာက္ထားတယ္လို႔ သိရပါတယ္” ဟု ရန္ကုန္တိုင္းပကဖ တာဝန္ရွိသူက ရွင္းျပသည္။