တောင်ပိုင်းကအုပ်ကြီးတို့ပျူတို့အလှည့်လာဘီ

ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်ဖွဲ့တစ်ဦး၏ ဖခင် ပျူစောထီးတစ်ဦး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄ UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကု်နခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂ ရက် ညနေ ၃ နာရီ ၄ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်သား ထက်အာကာ၏ ဖခင်ဖြစ်သူ ပျူစောထီး စာရင်းဝင် အသက် ၅၀ နှစ်အရွယ် ကျော်ဝင်း ဆိုသူ သည် မုက္ခကျေးရွာထိပ်၌ အန်ဂလုံလောင်းကစားဝိုင်းများ ဦးဆောင်ကျင်းပနေစဉ် တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ကျော်ဝင်းသည် အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းစဉ်ကတည်းက ကျိုက်ထို မြို့နယ်အတွင်းရှိ မုက္ခမူ၊ ကော့ထင်း ၊ ဘုရားကြီး၊ ခလွန်အစရှိသည့် ကျေးရွာများတွင် ဖဲဝိုင်း၊ ကြက် ဝိုင်း၊ အံဂလုံဝိုင်း စသည့် လောင်းကစား ဒုစရိုက်မှုမျိုးစုံကို အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီး ကျယ် ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်နေသည့်အပြင် ပျူစောထီးအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်ကြောင်း သိရသည်။အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို PDF ၊ တပ်ရင်း- ၇၈၀၅ ၊ တပ်ခွဲ-၄ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ရဲများ၊ ပျူစောထီး များနှင့် ထောက်တိုင်များအားလုံးကို တိုက်ခိုက်ရှင်းလင်းကာ စစ်အာဏာရှင်စနစ် ကျဆုံးသည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီး အလုံးရေ ၂၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၅ နာရီခန့်စတင်၍ ယင်းမာပင်မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး မှူးရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အလုံးရေ ၂၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရုံးအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“၅ ကောင်ထိတာ သတင်းတိတိကျကျရတယ်ဗျ၊ သေတော့ မသေသေးဘူး၊ တစ်ကောင်ကတော့ အခုချိန်အထိ စိုးရိမ်ရတုန်းလို့ သတင်းရထားတယ်၊ အဆောက်အအုံတစ်လုံးလည်း ထိခိုက်ပျက်စီး တယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ယင်းမာပင် ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုတို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *