ဒီဖအေကမွေးတာ ဒီလိုစရိုက်ပဲလာမယ်

မင်းအောင်လှိုင်မိသားစုပိုင် အောင်မြင့်မိုရ်မင်း အသက်အာမခံ ကုမ္ပဏီက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးစစ် သည်နှင့်အရာရှိ များအတွက် အသက်အာမခံကြေးများ မလျှော်ပေးဘဲ အကြောင်းအမျိုးမျိုးပြ ငြင်းပယ်

မတ်လ ၆ ရက်

အကြမ်းဖက်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော အောင်မြင့်မိုရ်မင်းအသက်အာမခံကုမ္ပဏီက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးသွားသော စစ်သည်များအတွက် အသက်အာမခံကြေးများကို ပေးလျှော်ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ ငြင်းပယ်မှုများလုပ်ဆောင်နေကြောင်း သေဆုံးသွားသော စစ်သည်များ၏ ကျန်ရစ်သူမိသားစုများက ပြောဆိုလာကြသည်။

တိုက်ပွဲများတွင် ကျဆုံးသော စစ်သည်များကို အလောင်းပြန်ရသူများကို စစ်ဆေးရုံများမှ သေဆုံးစာရင်း ထုတ် ယူ ခိုင်းပြီး အသက်အာမခံကြေးထုတ်ယူရန် တင်ပြခိုင်းကြောင်း၊ သို့ရာတွင် အလောင်းပြန်ရသူများအနေဖြင့် သေဆုံးစာရင်းလက်မှတ် ထုတ်ယူသည်မှ အာမခံကြေးရရှိသည်အထိ အချိန်အလွန်ကြာမြင့်ကြောင်း၊ထို့ပြင် အာမခံကြေးကိုလည်း အပြည့်အ၀ မရဘဲ အပြည့်အ၀မပေးဘဲ ခွဲပေးနေကြောင်း သိရှိရသည်။

“တကယ်သေတယ် ဆိုတာ အလောင်းပါ အတည်ပြုနိုင်တယ် ဆိုရင် တောင် ဂရက်ဂျူတီ ကို မယားငယ်ပေးပေးတယ်။အပြည့်မပေးဘဲ ခွဲခွဲပြီးတော့ပေးတယ်။ တချို့ကျလည်း စစ်ဆေးရုံတွေ မှာ သေစာရင်း ကို တောင်းတောင်းပန်ပန် နဲ့ ယူပြီး သေဆုံးစာရင်းလုပ်ရတာ။ သေစာရင်းကလည်းစစ်ဆေးရုံ မှာ အလကားမရဘူး။အလောင်း အတည်ပြုနိုင်ရင်တောင် သေဆုံးစာရင်းရဖို့ ၅သောင်းပေးရတယ်” ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။

အလောင်းပြန်မရသည့် စစ်သည်နှင့်အရာရှိများ၊ အလောင်းကို အတည်မပြုနိုင်သည့် စစ်သည်နှင့်အရာရှိများ၏ ကျန်ရစ်သူမိသားစုများအနေဖြင့်မူ သေဆုံးကြောင်း သိရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းတွင်သာ ထည့် သွင်းကြောင်း၊ ထို့ကြောင့် အာမခံကြေးရရန် မလွယ်ကူတော့ကြောင်း သိရှိရသည်။

“အလောင်းအတည်ပြုနိုင်တဲ့ သေတဲ့သူတွေကို ဂရက်ဂျူတီတောင် ခွဲ ထုတ်ပေးတာ။ အပြည့် တန်းမပေးနိုင်ဘူး။ အလောင်းမပြနိုင်၊ အလောင်းပြန်မရတာတွေကတော့ အာမခံကုမ္ပဏီက ပေးရမှာကို မပေးချင်တော့ ပျောက်ဆုံး လို့ပဲသတင်းပို့ပြီး လိုင်းခန်းက နှင်ထုတ်တယ်။ လစာတွေ ကိုလည်းကျန်ရစ်တဲ့ ဇနီးမယား၊ မိသားစု တွေက မရ တော့ငတ်။ မှီခိုသားသမီးတွေမှာ မယားတွေ သမီးတွေလည်း ဖာဖြစ်သူက ဖြစ်ကုန်ကြတယ်။ အဲဒီတော့ စစ်တပ်ကို ချစ်ပါတယ်၊ ထောက်ခံပါတယ် ဆိုသူနဲ့ စစ်ခေါင်းဆောင်မိသားစုကိုယ်တိုင်က လူသေပါးစပ်ဖြဲယူ ခိုးစားနေတာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိအချိန်အထိ စစ်သည်များနှင့် အရာရှိများ၏ လစာများထဲမှာ လစဉ် အသက်အာမခံကြေးဟုဆိုကာ အောင်မြင့်မိုရ်မင်းကုမ္ပဏီထံသို့ ငွေပေးသွင်းနေရဆဲဖြစ်သော်လည်း အမှန်တကယ် တိုက်ပွဲတွင် သေဆုံးချိန်တွင် အသက်အာမခံကြေး မလျှော်သဖြင့် တပ်တွင်း မိသားစုများအကြား မင်းအောင်လှိုင်နှင့်မိသားစု၏ လုပ်ရပ်အပေါ် ရှုတ်ချဝေဖန်နေကြသည်ဟု တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *