ကားတန်းကြီးကိုဆော်တဲ့(ရုပ်သံ)

အရာတော် စခတ(၁၀) တပ်ကို လာသည့်အာဏာသိမ်းစစ်အုပ်စုယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

မတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းမ၊ အရာတော်စခတ(၁၀)တပ်ကို လာရောက်သည့်အာဏာသိမ်းစစ်အုပ်စု ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း Danger Force LPDF က ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ယမန့်နေ့ မနက် ငါးနာရီခွဲခန့်တွင် မုံရွာ – အရာတော်လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော်မြို့ စခတ (၁၀) တပ်ကို လာသည့် အာဏာသိမ်းစစ်အုပ်စုသံပြာကားနှစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝါးတန်း ကျေးရွာ စာသင်ကျောင်း မှ မန်းကျီးသုံးပင်အထိ တို်ကခိုက်ခဲ့တာ ဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုဘက်က သံပြားကားတစ်စီး ပျက်စီးပြီး အမှတ် ၅၀၀၄ တင့်ကား တပ်မှ တင့်ကားတစ်စီးဖြင့် ပျက်စီးသည့်သံပြားကားအား လာရောက်ဆွဲယူပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း Danger Force -LPDF က ပြောဆိုထားသည်။

အထက်ပါစစ်ဆင်ရေးကို Danger Force LPDF၊ Ayadaw Rocket LPDF၊ မုံရွာခရိုင်တပ်ရင်း (၂၁)၊ မုံရွာခရိုင်တပ်ရင်း (၂၄)၊ မုံရွာခရိုင်တပ်ရင်း (၂၇)၊ ကျားသစ်နက် တပ်ဖွဲ့၊ အရာတော်ပကဖ တိုက်နယ် (၁၁)တိုမှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *