🐕🐕🐕ကြီးကြီးတွေပဲ ရှယ်ဖြုတ်ထားတာ ပရီမတွေထပ်တိုး

ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်သိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဖြိူးသူအောင်၊ ဗိုလ်မှူးစောထွေး အပါအဝင် စစ်သားအများအပြား သေဆုံး

■ အလင်းဝင်သူနှင့် စစ်သုံ့ပန်းများ ဖမ်း ဆီးရရှိပြီး စစ်ကူ စစ်သင်္ဘော ၃ စီးကိုလည်း အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ရန်ကုန်၊ မတ် ၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေး အပါအဝင် စစ်သားအများအပြား သေဆုံးကြောင်း ရက္ခိုင့် တပ်တော် AA က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို AA က စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ ရက်ပေါင်း ၁၃ ရက်ကြာမြင့်သည်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ခမရ ၅၅၀ ကိုအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းမြိုမ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ် စဉ် ၄၂ ၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ ၅၅၀ မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်က လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲဝင်အချိုလည်းရှိခဲ့ကြောင်း၊ ခမရ ၅၅၀ တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် မိသားစုဝင်တိုင်းကို AA က အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၃ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်း ခမရ ၅၅၀ သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော ၂ စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲဝင်များက ဟန့်တား တိုက် ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော ၂ စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော ၁ စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကူ ဇက်သင်္ဘော ၃ စီးစလုံးကို ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲဝင်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဤသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို၊ ဘူးသီးတောင်မြိုရှိ ၎င်းတို၏ စခန်းများမှ လက်နက်ကြီးများဖြင့် မိမိတို့ကို အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *