အသားထဲကလောက်ထွက်

ဟဲဇင်း ကျေးရွာမှာ NLD ရပ်ကျေး တာဝန်ခံဖြစ်ခဲ့သူ အောင်ကျော်မင်းမှ ပျူစောထီးထဲ ဝင်ရန် လူငယ်တွေကို စာရင်းလိုက်ကောက်နေ

မတ်လ ၇ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာမှာ NLD အစိုးရ ခေတ်က ရပ်ကျေး တာဝန်ခံ လုပ်ခဲ့တဲ့ အောင်ကျော်မင်းကနေ လူငယ်တွေကို ပျူစောထီးအဖွဲ့ထဲ ဝင်ရန် လိုက်လံစည်းရုံးနေတယ်လို့ သိတယ်။

ကိုအောင်ကျော်မင်းဟာ ၂၀၁၂ ခုနှစ် ကနေ စတင်ပြီး NLD ပါတီမှာ ပါဝင်ခဲ့ပြီး ရပ်ကျေး တာဝန်ခံ ရာထူးကို ရယူထားသူဖြစ်တယ်လို့ ကျေးရွာရှိ ပါတီဝင် တစ်ယောက်က ပြောပါတယ်။အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ၎င်းဟာ နီးစပ်ရာနဲ့ ပူးပေါင်းကာ ပျူစောထီး အဖွဲ့ကို ဖေဖော်ဝါရီလ မှာ စတင်တည်ထောင်ခဲ့တာလို့လည်း ၎င်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ကိုအောင်ကျော်မင်း စာရင်းကောက်ဖွဲ့စည်းခဲ့တဲ့ ပျူစောထီးမှာ ပျူ အဖွဲ့(၂) ဖြစ်ပြီး တစ်အိမ်မှာ လူငယ် တစ်ယောက် မဝင်မ‌နေရလို့ အတင်း အဓ္ဓမ ဝင်ခိုင်းတာလို့လည်း သိရပါတယ်။

အခုလို ကောက်ရခြင်းဟာ ကျေးရွာ ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့လို့ အကြောင်းပြတာဖြစ်ပြီး နောက်နောင်ဆို စစ်မှုထမ်းရမှာကို ဒေသခံလူငယ် တွေနဲ့ မိဘများက စိုးရိမ်သောကြောင့် ကျေးရွာကနေ လူငယ်တွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။၄င်းရဲ့စည်းရုံးမှု ကြောင့် ဟဲဇင်းကျေးရွာက အမာခံ NLD ပါတီဝင်တချို့ ပါသွားပြီလို့လည်း သိရတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *