🎼တိုက်တော့မယ် ပြေးဘီ🎼🎼🎼

ရခိုင်တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦး ထွက်ပြေးသွားပြီး မြန်မာဘက်မှ ပစ်ခတ်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ယမန်နေ့က ထွက်ပြေးဝင်ရောက်သွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြ သည်။

မတ်လ ၁၁ ရက်နေ့ မောင်တောမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ဖြစ်ပွားပြီး နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ ၁၇၇ ဦး ယမန်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ထွက်ပြေးသွားကြောင်း၊ ပထမဦးစွာ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂၉ ဦး ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ယမန်နေပ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၈ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထပ်မံ ထွက်ပြေးလာကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနယ်ခြားစောင့်တပ်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာကြပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ထို့ပြင် ယမန်နေ့ မြန်မာဘက်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Saber Ahmad အသက် ၄၃ နှစ် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *