၃ကြိမ်မြောက်မှာအုပ်ကြီးနိုင်ဝင်း ဆို့အောက်သွားပါတယ်😄😄😄

အောင်လံ၊ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်စဉ် ဝင်ရောက် ပစ်ခတ်ခံရပြီး သေဆုံး၊

ပစ်ခတ်သူများကို ဝင်ရောက် နပန်းလုံးသည့် ဘုန်းကြီးလည်း သေဆုံး

ရန်ကုန်၊ မတ် ၁၃ မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူး နိုင်ဝင်း အောင် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန် နေအိမ်မနေဘဲ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသော အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ နေရာတွင်ပင် ရရှိသောသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“အုပ်ကြီးက ၂၀၂၁ မေလလောက်ကလည်းဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရ လို့ ပြည်ဆေးရုံတက်ပြီးကုရပါသေးတယ်။ နောက်တစ်ခါ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း ဝင်ပစ်သေးတယ်။ ထွက်ပြေးလွတ်မြောက်သွားတာ။ အခုတစ်ခေါက်မှ သေတာ။ “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပစ်ခတ်ရှင်းလင်းခံရသူ နိုင်ဝင်းသည် ကျေးရွာနေပြည်သူများအပေါ် မောက်မာရိုင်းစိုင်းလွန်းပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းရန် ကြံစည်နေသူဖြစ်ကြောင်း ၊ မည်သည့်အဖွဲ့က ရှင်းလင်းသည်ကို မသိရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ထို့ပြင် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်လင်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်စဉ် ပစ်ခတ်သူများကို ဝင်ရောက်နပန်းလုံးသည့် ဘုန်းကြီးပါ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အုပ်ကြီးနိုင်ဝင်းက သူ့နေအိမ်မှာမအိပ်ရဲဲဘဲ တိမ်းရှောင်အိပ်နေရတာကြာပြီ။ သေနတ်သမားတွေက ဘုန်းကြီး ကျောင်းမှာ ရှိနေတာသိလို့ အခုမနက်၃ နာရီလောက်မှာဘုန်းကြီးကျောင်းသွားရှာရာမှာ တွေ့သွားတယ်။ စစ် ဆေး မေးမြန်းစဥ် အုပ်ကြီးမှန်း သေချာမှ ပစ်ခတ်ရှင်းလင်းတာ။ အဲဒါကို ဘုန်းကြီးက သေနတ် သမားတွေကို ဝင်လုံးတယ်။ အဲဒီမှာ ဘုန်းကြီးလည်းသေတယ်။ အုပ်ကြီးလည်း သေတယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *