ရန်ကုန်တစ်ကယ်ဆော်တယ်(ရုပ်သံ)

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် မော်တော်ပီကယ်ရုံးကို အဝေးထိန်း မိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက် (ရုပ်/သံ)

မတ်လ ၁၅

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံးနှင့် မော်တော်ပီကယ်ရုံးကို အဝေးထိန်း မိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်နိုင်မင်း ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မဝတလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထား သော ထွေအုပ်ရုံးနှင့် မော်တော်ပီကယ်ရုံးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် ကောင်စီတပ်သား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ သွေးမြေကျခဲ့ရသော နေ့ရက် အချိန် ဖြစ်သောကြောင့် ၃ နှစ်အကြာ ၂၀၂၄ မတ်လ ၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အသက်ပေးခဲ့သော သူရဲကောင်းအပေါင်းနှင့် စစ်ရှုံးကောင်စီ၏ လက်အတွင်း ကျရောက်နေသော တော်လှန်ရေး ရဲဘော် အပေါင်း တို့အတွက် မကြောက်မရွံ့ နောက်မတွန့်ဘဲ ဆက်လက် တိုက်ပွဲဝင်နေကြသော ရဲဘော်များက အထိမ်းအမှတ် အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထွေအုပ်ရုံးသည် စစ်ရှုံးကောင်စီ ၏ အဓိက ဒေါက်တိုင် ဖြစ်ပြီး မြို့နယ်နေ ပြည်သူများကို အများဆုံး ဒုက္ခပေးသည့် နေရာဖြစ်ကြောင်း၊ သပိတ်အချိန်ကာလမှ စတင်ကာ တော်လှန် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးပြီး ထိုရုံးအတွင်း ရိုက်နှက် ညှင်းပန်းမှုများကို ပြုလုပ်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ် မမေ့နိုင်သော မဝတ ညတွင်လည်း သူရဲကောင်းများကို ပစ်ခတ်သတ်ဖြတ်မှုများအတွက် ယင်းရုံးသည် အဓိက တရားခံဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံးအနီးရှိ မဝတ မော်တော်ပီကယ် ရဲကင်းသည်လည်း မတ်လ ၁၄ ရက် မဝတ ညတွင် ထိုရဲကင်းအတွင်းက စစ်ကောင်စီ တပ်သားများက လက်နက်မဲ့ တော်လှန်ပြည်သူများကို ပစ်ခတ်ခဲ့ခြင်းကြောင်း၊ ထို့ပြင် ၎င်းတိုက်ခိုက်မှုသည် စစ်မှုထမ်း ဥပဒေ ကို မဖြစ်မနေ ဖော်ဆောင်ခြင်းအတွက်လည်း ပြည်သူများ စိုးရိမ်မှုမျိုးဖြစ်အောင် ဆက်လက်မပြုလုပ်ရန် မြောက်ဒဂုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များနှင့် ခြေကုပ် စခန်းများကို အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာ နေရာများ၊ စစ်ကောင်စီ တပ်သားများ နှင့် ထိစပ်သော နေရာများကို ရှောင်ရှားသွားလာကြပါရန်၊ နေ့စဉ် လူမှုဘဝ လှုပ်ရှားနေမှုများကို နားလည် လက်ခံသော်လည်း ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ပါးနေခြင်းများကို မပြုလုပ်ရန် အထူး သတိပေးအပ်ကြောင်း၊ တော်လှန်ပြည်သူများသည်လည်း တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို ရရာနည်းဖြင့် တွန်းလှန်ကြရန်လည့် ထပ်မံ တိုက်တွန်း လိုကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်နိုင်မင်း က ပြောဆိုသည်။

ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ရွိ စစ္တပ္ တပ္စြဲထားေသာ ေထြအုပ္႐ုံးႏွင့္ ေမာ္ေတာ္ပီကယ္႐ုံးကို အေဝးထိန္း မိုင္းျဖင့္ ၂ ႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ (႐ုပ္/သံ)
မတ္လ ၁၅
ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ ေထြအုပ္႐ုံးႏွင့္ ေမာ္ေတာ္ပီကယ္႐ုံးကို အေဝးထိန္း မိုင္းျဖင့္ ၂ ႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ ပကဖ တာဝန္ခံ ဗိုလ္ႏိုင္မင္း ေျပာဆိုသည္။
မတ္လ ၁၄ ရက္ေန႔ ည ၇ နာရီ ၅၁ မိနစ္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ မဝတလမ္းဆုံရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထား ေသာ ေထြအုပ္႐ုံးႏွင့္ ေမာ္ေတာ္ပီကယ္႐ုံးကို ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က အေဝးထိန္းမိုင္းျဖင့္ ၂ ႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းတိုက္ခိုက္မႈအတြင္း အၾကမ္းဖက္ ေကာင္စီတပ္သား ၁ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔သည္ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၌ ေသြးေျမက်ခဲ့ရေသာ ေန႔ရက္ အခ်ိန္ ျဖစ္ေသာေၾကာင့္ ၃ ႏွစ္အၾကာ ၂၀၂၄ မတ္လ ၁၄ ရက္ေန႔တြင္ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္တြင္ အသက္ေပးခဲ့ေသာ သူရဲေကာင္းအေပါင္းႏွင့္ စစ္ရႈံးေကာင္စီ၏ လက္အတြင္း က်ေရာက္ေနေသာ ေတာ္လွန္ေရး ရဲေဘာ္ အေပါင္း တို႔အတြက္ မေၾကာက္မ႐ြံ႕ ေနာက္မတြန႔္ဘဲ ဆက္လက္ တိုက္ပြဲဝင္ေနၾကေသာ ရဲေဘာ္မ်ားက အထိမ္းအမွတ္ အျဖစ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ေထြအုပ္႐ုံးသည္ စစ္ရႈံးေကာင္စီ ၏ အဓိက ေဒါက္တိုင္ ျဖစ္ၿပီး ၿမိဳ႕နယ္ေန ျပည္သူမ်ားကို အမ်ားဆုံး ဒုကၡေပးသည့္ ေနရာျဖစ္ေၾကာင္း၊ သပိတ္အခ်ိန္ကာလမွ စတင္ကာ ေတာ္လွန္ ျပည္သူမ်ားႏွင့္ ေတာ္လွန္ေရးရဲေဘာ္မ်ားကို ဖမ္းဆီးၿပီး ထို႐ုံးအတြင္း ႐ိုက္ႏွက္ ညႇင္းပန္းမႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း၊ လြန္ခဲ့သည့္ ၃ ႏွစ္ မေမ့ႏိုင္ေသာ မဝတ ညတြင္လည္း သူရဲေကာင္းမ်ားကို ပစ္ခတ္သတ္ျဖတ္မႈမ်ားအတြက္ ယင္း႐ုံးသည္ အဓိက တရားခံျဖစ္ေၾကာင္း သိရသည္။
ေထြအုပ္႐ုံးအနီးရွိ မဝတ ေမာ္ေတာ္ပီကယ္ ရဲကင္းသည္လည္း မတ္လ ၁၄ ရက္ မဝတ ညတြင္ ထိုရဲကင္းအတြင္းက စစ္ေကာင္စီ တပ္သားမ်ားက လက္နက္မဲ့ ေတာ္လွန္ျပည္သူမ်ားကို ပစ္ခတ္ခဲ့ျခင္းေၾကာင္း၊ ထို႔ျပင္ ၎တိုက္ခိုက္မႈသည္ စစ္မႈထမ္း ဥပေဒ ကို မျဖစ္မေန ေဖာ္ေဆာင္ျခင္းအတြက္လည္း ျပည္သူမ်ား စိုးရိမ္မႈမ်ိဳးျဖစ္ေအာင္ ဆက္လက္မျပဳလုပ္ရန္ ေျမာက္ဒဂုံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က သတိေပး တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဆက္လက္၍ အၾကမ္းဖက္ စစ္တပ္၏ ေဒါက္တိုင္မ်ားႏွင့္ ေျခကုပ္ စခန္းမ်ားကို အခ်ိန္မေ႐ြး ပစ္မွတ္ထား တိုက္ခိုက္သြားမည္ျဖစ္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီ တပ္သားမ်ား တပ္စြဲထားရာ ေနရာမ်ား၊ စစ္ေကာင္စီ တပ္သားမ်ား ႏွင့္ ထိစပ္ေသာ ေနရာမ်ားကို ေရွာင္ရွားသြားလာၾကပါရန္၊ ေန႔စဥ္ လူမႈဘဝ လႈပ္ရွားေနမႈမ်ားကို နားလည္ လက္ခံေသာ္လည္း ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားျဖင့္ ေပ်ာ္ပါးေနျခင္းမ်ားကို မျပဳလုပ္ရန္ အထူး သတိေပးအပ္ေၾကာင္း၊ ေတာ္လွန္ျပည္သူမ်ားသည္လည္း ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းကာ အၾကမ္းဖက္ စစ္တပ္ကို ရရာနည္းျဖင့္ တြန္းလွန္ၾကရန္လည့္ ထပ္မံ တိုက္တြန္း လိုေၾကာင္း ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ ပကဖ တာဝန္ခံ ဗိုလ္ႏိုင္မင္း က ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *