အညာသားတွေလက်စွမ်းပြ(ရုပ်သံ)

ရေစကြိုခလရ ၂၅၈ကိုရိက္ခာပို့ပြန်လာတဲ့စစ်ကား၅စီး ပေပါမိုင်းနဲ့တိုက်ခိုက်ခဲ့လို့ ၂ယောက်သေ (ရုပ်သံ)

မတ်လ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၈တပ်ကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကားတွေ ပေပါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား၂ယောက်သေဆုံးသွားတယ်လို့ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁၁နာရီ ၄၅မိနစ်ခန့်က ရိက္ခာပို့ပြန်လာတဲ့ ကား၅စီးကို ဆန်းသစ်နဲ့ ကျောက်လှေခါးရွာကြားက တိုးဂိတ်အရောက်မှာ ပေပါမိုင်းနဲ့ ဖောက်ခွဲလိုက်ရာမှာ ရှေ့ပြေးကား၂စီး မိုင်းထိမှန်ခဲ့ပေမယ့် မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အလားတူ မနက် ၁၁နာရီ ၅၈မိနစ်ခန့်မှာ နောက်ကလိုက်လာတဲ့ကား၃စီးကို ပေပါမိုင်းနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးသွားပြီး ကားပေါ်ကစစ်သား၂ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး လူနာတင်ကားနဲ့ဆေးကုဖို့ခေါ်အသွား တဦးသေ၊ ဆေးရုံမှာတဦးထပ်သေသွားတယ်လို့သိရပါတယ်။

“ရိက္ခာပို့ခွေးကားတွေကို ပေပါမိုင်းနဲ့အပိုင်ဆွဲလိုက်တာပါ။ ကားတစီးပျက်စီး၊ ခွေး၂ကောင်မိုင်းထိမှန်ဒဏ်ရာတွေနဲ့ ဂန့်သွားတယ်”လို့မြေပြ်ငတော်လှန်ရေးရဲဘော်တဦးက ဆက်သွယ်ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်သွေးနီပျောက်ကြားတပ်ဖွဲ့ – YSO မှဦးဆောင်၍ Underground Revolution Force-YSO ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27Revolution Force၊ Royal Pakokku Underground၊ မြိုင် (ပ.က.ဖ) နှင့် ပခုက္ကူခရိုင်တပ်ရင်း ၃ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ေရစႀကိဳခလရ ၂၅၈ကိုရိကၡာပို႔ျပန္လာတဲ့စစ္ကား၅စီး ေပပါမိုင္းနဲ႔တိုက္ခိုက္ခဲ့လို႔ ၂ေယာက္ေသ (႐ုပ္သံ)
မတ္လ ၁၅
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕ ခလရ ၂၅၈တပ္ကို ရိကၡာပို႔ၿပီးျပန္လာတဲ့ စစ္ကားေတြ ေပပါမိုင္းနဲ႔ေဖာက္ခြဲတိုက္ခိုက္ခံရၿပီး စစ္သား၂ေယာက္ေသဆုံးသြားတယ္လို႔ေဒါင္းေသြးနီေျပာက္က်ားတပ္ဖြဲ႕ – YSO တပ္ဖြဲ႕ကသတင္းထုတ္ျပန္ထားပါတယ္။
မေန႔မနက္ ၁၁နာရီ ၄၅မိနစ္ခန႔္က ရိကၡာပို႔ျပန္လာတဲ့ ကား၅စီးကို ဆန္းသစ္နဲ႔ ေက်ာက္ေလွခါး႐ြာၾကားက တိုးဂိတ္အေရာက္မွာ ေပပါမိုင္းနဲ႔ ေဖာက္ခြဲလိုက္ရာမွာ ေရွ႕ေျပးကား၂စီး မိုင္းထိမွန္ခဲ့ေပမယ့္ ေမာင္းႏွင္ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။
အလားတူ မနက္ ၁၁နာရီ ၅၈မိနစ္ခန႔္မွာ ေနာက္ကလိုက္လာတဲ့ကား၃စီးကို ေပပါမိုင္းနဲ႔ ထပ္မံေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ ကားတစီးပ်က္စီးသြားၿပီး ကားေပၚကစစ္သား၂ဦးအျပင္းအထန္ဒဏ္ရာရသြားၿပီး လူနာတင္ကားနဲ႔ေဆးကုဖို႔ေခၚအသြား တဦးေသ၊ ေဆး႐ုံမွာတဦးထပ္ေသသြားတယ္လို႔သိရပါတယ္။
“ရိကၡာပို႔ေခြးကားေတြကို ေပပါမိုင္းနဲ႔အပိုင္ဆြဲလိုက္တာပါ။ ကားတစီးပ်က္စီး၊ ေခြး၂ေကာင္မိုင္းထိမွန္ဒဏ္ရာေတြနဲ႔ ဂန႔္သြားတယ္”လို႔ေျမျပ္ငေတာ္လွန္ေရးရဲေဘာ္တဦးက ဆက္သြယ္ေျပာၾကားခဲ့ပါတယ္။
ဒီတိုက္ခိုက္မႈကို ေဒါင္ေသြးနီေပ်ာက္ၾကားတပ္ဖြဲ႕ – YSO မွဦးေဆာင္၍ Underground Revolution Force-YSO ၊ ျမင္းၿခံခ႐ိုင္အမွတ္ ၁ တပ္ရင္း 27Revolution Force၊ Royal Pakokku Underground၊ ၿမိဳင္ (ပ.က.ဖ) ႏွင့္ ပခုကၠဴခ႐ိုင္တပ္ရင္း ၃ အဖြဲ႕တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တာလို႔သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *