မကြာခင်သတင်းကောင်း ကြားရတော့မည် သာလီစွပါ

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်ကျန် စစ်တပ်စခန်းများအားလုံးကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၀ိုင်းရံပိတ်ဆို့ ဖြတ်တောက်ထား

ရန်ကုန်၊ မတ် ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၀ိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြိုများရှိ လက်ကျန်စစ်တပ်စခန်းတချို့ကို ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆိုထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲပင်ဖြစ်ကြောင်း၊ ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈” တို့ကို စစ်တပ်၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ မတ်လ ၁၅ ရက်နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်က အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ ၁၅ လက်အောက်ခံ ၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ မောင်တောမြိုနယ်အတွင်းတွင်လည်း လက်ကျန်နယ်ခြားစောင့်စခန်းတချို့ကို သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲအချို့ကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့များ အပါအဝင် မြို့နယ် ၈ ခုကို AA က သိမ်းပိုက်ထားပြီး မကြာမီ မြို့တော် စစ်တွေ အပါအဝင် ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို AA က လာမည့် ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်သွားလိမ့်မည်ဟု ရှမ်းမြောက်ပိုင်း စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *