ငပျူတွေ မိအေးနှစ်ခါနာဖြစ်(ရုပ်သံ)

တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက မိုင်းထိပြီး ထိခိုက်သေဆုံးသည့်တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ဆောင်စဉ် တိုက်ခိုက်ခံ (ရုပ်သံ) နိုဝင်ဘာလ ၂၁ အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများက မိုင်းထိပြီး ထိခိုက်သေဆုံးသည့်တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ဆောင်စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယမန့်နေ့ညနေ့ ခြောက်နာရီတွင် တိုက်ခိုက်ခဲ့ကြောင်း Area 71 Monywa PDF က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။ ယမန့်နေ့ညနေ့ ခြောက်နာရီတွင်…

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ပေါက်ဖော်ကြီး ဘာလဲ၊ ဘယ်လဲ

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ပေါက်ဖော်ကြီး ဘာလဲ၊ ဘယ်လဲ အတွေးအမြင် - နိုဝင်ဘာ ၂၀၊ ၂၀၂၃။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဌာချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဟာ ငါးလထဲကို ရောက်နေပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လကနေ လိုင်ဇာမြို့နားက နမ်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်မြူခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင်လဆန်းမှာတော့ အင်အားအလုံးအရင်းနဲ့…

Non CDMတွေဘာတွေနားမလည်ဘူး ဖမ်းတာပဲ

ပေါင်းတည်မှာ Non CDM ဆရာ၊ ဆရာမ ၂ ဦးအပါ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ကျေးရွာက Non CDM ဆရာ၊ ဆရာမ ၂ ဦးအပါအဝင် ရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။…

မော်လမြိုင် မြို့ပေါ်ရပ်ကွက်‌တွေ ဧည့်စာရင်း စစ်ဆေးမှုပိုတင်းကျပ်လာ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် မြို့ပေါ်ရပ်ကွက်‌ေတွ ဧည့်စာရင်း စစ်ဆေးမှုပိုတင်းကျပ်လာ ဧည့်စာရင်းတိုင်ကြားခြင်းမရှိပါက ငွေကျပ်၅ သိန်းအထိတောင်းခံနေ နိုဝင်ဘာလ ၂၁ ရက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မော်လမြိုင် မြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်း စစ်ဆေးမှု ပိုမိုတင်းကျပ်လာပြီး နေအိမ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်း တိုင်ကြာထားခြင်းမရှိပါက စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေ ၅ သိန်းအထိ…

ချင်းတောင်တန်းမှာလည်း PDF-Zolandလက်စွမ်းပြ

တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်တပ် စခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးဖမ်းမိကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF-Zoland က ထုတ်ပြန်ထားသည်။…

ပေါက်တောတွင်တိုက်ပွဲပြင်းထန်နေ ပြည်သူတွေဘေးကင်ကြပါစေ

ပေါက်တောမြို့၌ တပ်စွဲထားသော စစ်တပ်ကို AA က ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ နိုင်ဝင်ဘာ ၂၁ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ…

ဒီလိုအသိစိတ်မြန်မြန်ရမှ ပြည်သူတွေမြန်မြန်အေးချမ်းမှာ

ကျောက်တော်တွင်စစ်​ကောင်စီရဲ ၆ ဦး AA ထံ လက်နက်ချ အလင်းဝင် ဆလိုင်း/People's Spring ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် ရက္ခိုင့်တပ်တော်(AA) ထံလက်နက်ချ အလင်းဝင်သွားပြီးနောက် အဆိုပါစခန်းတွင် စစ်ကောင်စီက ဝင်ရောက်တပ်စွဲထားသည်။ "ကျော‌က်တော် ရဲစခန်းကရဲတွေ အလင်းဝင်လာပါတယ်။ ‌ခြောက်ဦးဖြစ်ပါတယ်။ သူတို့ အဆင်ပြေပါတယ်" ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။…

ရေစကြို – မြိုင်လမ်းပိုင်းအသွားအလာသတိပေးချက်

ရေစကြို - မြိုင်လမ်းပိုင်း၌ စစ်ကားတစ်စီး မိုင်းထိ ▪︎စစ်တပ်က ယာဥ်များချောဆွဲနေ၍ ပြည်သူများဖြတ်သန်းခြင်းမပြုရန် ရေစကြို(ပကဖ) သတိပေး ဟာနာဆန်/People's Spring မကွေးတိုင်း၊ ရေစကြို - မြိုင်လမ်းပိုင်း၌ စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပြီးနောက် လာသမျှယာဥ်များအား ချောဆွဲနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတိပေးသည်။ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ရေစကြို…

တပ်ထဲမနေပဲအပြင်ထွက်တာကိုး ဝဋ်လည်တာနော်

ရွှေဘိုမှာ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၆ဦးသေဆုံး +++++++++++++++++ နိုဝင်ဘာ၊ ၂၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အ.လ.က (၁) အနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇နာရီ ဝန်းကျင်အချိန်မှာ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးသွားတယ်လို့ Black Silencers Defence…

ရွှေပန်းကုံးနယ်မြေရဲစခန်းကိုမီးဖုတ် မြေဩဇာ၁၀အိပ်ရ

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ နိုဝင်ဘာ ၂၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရဲ ၁၀ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်း…