ဒီပဲယင်းမှာလည်း နတ်နတ်သီးကျွေးခံရ

ဒီပဲယင်းမြို့ရှိ ရဲစခန်းကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြို့မရဲစခန်း ကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၂၀ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့…

“အခမ်းအနားဖြင့် သဂြိုလ်မည်”တဲ့ နောက်ခဝေးတွေအားကျရအောင်

မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်း တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် နာရေး စစ်အခမ်းအနားဖြင့် သဂြိုလ်မည် ရန်ကုန်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် ဒရုန်းဗုံး ထိမှန်သေဆုံးခဲ့သော တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင်ကျော်လွင်၏ နာရေးကို စစ်အခမ်းအနားဖြင့် မိတ္တီလာတွင် သဂြိုလ်မည်ဖြစ်ကြောင်း…

မကြာခင်” ဆို့အောက်”တော့မည့် နမ့်ခမ်း

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းပြီးနောက် လက်နက်များ သိမ်းဆည်းရရှိ ရန်ကုန်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို TNLA က အပြီးသတ်ရှင်းလင်းပြီးနောက် လက်နက်များ သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ် ပြန်…

၁၁ မြောက်နေ့ စခန်း၁၁၂ခုသိမ်းအောင်ပွဲ(ရုပ်သံ)

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA က စစ်ကောင်စီတပ်ရဲ့ စခန်း အကြီးအသေး ၁၁၂ ခုကို သိမ်းယူထား (ရုပ်/သံ) +++++++++++++++++ နိုဝင်ဘာ ၇ ရက် ၁၀၂၇ စစ်ဆင်ရေး ၁၁ မြောက်နေ့ နိုဝင်ဘာ ၆ ရက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA မှ ကိုးကန့် တုန်းရှမ်းဒေသ ရှင်ရွှေထန်တွင်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲ ၁၀…

ကောလင်းမှာ”နုကြည်” အလံတော်လွှင့်(ရုပ်သံ)

ကောလင်းမြို့ကို သိမ်းပိုက်ပြီး ပြည်သူ့တော်လှန်ရေးအလံတော်လွင့်တင်သည့် ရုပ်သံဖိုင်ကို NUG ထုတ်ပြန် ရန်ကုန်၊ နိုဝင်ဘာ ၇ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တပ်ဖွဲ့များမှ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေးအလံတော်လွင့်တင်သည့် ရုပ်သံဖိုင်ကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။ယင်း ရုပ်သံဖိုင်တွင် PDF များက ပြည်သူ့ တော်လှန်ရေးအလံလွှင့်တင်ပြီး အလေးပြုကြတာကို…

နဂါးကအိပ်နေတုန်းလား ယင်းမာပင်မြို့နယ်ရှယ်ဆော်(ရုပ်သံ)

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) +++++++++++++++ နိုဝင်ဘာလ ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး (ခ) သီတဂူမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ့ ၄…

ရေဘဝဲကင် ၂ကင်နှင့်မုန့်ဟင်းခါးပွဲ ၂၀

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်တပ်၏ သင်္ဘော ၂ စီးကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား အများအပြား သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်း မြစ်ကြောင်း တနေရာ၌ အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို သိမ်းဆည်းရရှိခဲ့ပြီး ၂ ရက်ဆက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် သား ၂၀…

အဖြူထည်အနုပညာရှင်အားလုံးသွားရောက်ဖျော်ဖြေသင့်ပါကြောင်း

အနုပညာရှင်တွေ ရှမ်းမြောက်က စစ်ကောင်စီတပ်သားတွေအတွက် ဖျော်ဖြေရေး ပြုလုပ်ဖို့ ဖိအားပေးခံနေရ +++++++++++++++++++++++++++++++ နိုဝင်ဘာ၊ ၇ အနုပညာရှင်တွေအနေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက် ရှေ့တန်းနယ်မြေကိုသွားရောက်ပြီး စစ်ကောင်စီတပ်သားတွေ အားတက်စေဖို့ ဖျော်ဖြေရေးတွေ လုပ်ပေးစေလိုကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့က ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။…

AAလည်းအောင်ပွဲတွေဆင်နွှဲ(ရုပ်သံ)

စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ စခန်းထိုင်ထားတဲ့ ပန်လုံဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ) ++++++++++++++++ နိုဝင်ဘာ ၇ ရက် ၁၀၂၇ စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ စစ်ဆင်ရေးကာလအတွင်း သတ်မှတ်ထားတဲ့ ရန်သူ့ပစ်မှတ်များအား ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး နိုဝင်ဘာ ၅ ရက် နံနက် ၅…

ရှမ်းမြောက်သို့ အကြီးတန်းအရာရှိမြေဩဇာများပို့လွှတ်

စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ် ၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၇ အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို အထူးဆေးကုသရေးတပ်ဖွဲ့ဟု အမည်တပ်၍ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်မြေပြင်သို့ စေလွှတ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက တပ်မတော်ဆေးတက္ကသိုလ် မဟာတန်း၊ ပါရဂူတန်း အပါအဝင်…