ဒီလိုကောင်တွေ ဘောင်ချာဆုတ်ပ-စ်

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်မှု ၂ ဦးသေဆုံး ရန်ကုန်၊ မတ် ၄ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ် ဖမ်းရန် စောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက…

AAတို့ကကူမယ်ဆိုပြ-တ်တယ် ငပုမပါ

PDF များ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲ့မှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဟု AA ပြောဆို ■ ရခိုင်တစ်ပြည်လုံးနှင့်အတူ မြန်မာပြည်သူများ လွတ်မြောက်ရေး လုပ် ဆောင် မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် ကွန်ဖယ်ဒရိတ်ထက် မနိမ့်သော အဆင့် ရယူမည် ရန်ကုန်၊ မတ် ၄ PDF များအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်နေသည့်အဖွဲ့အစည်းများမှန်သမျှ…

နောင်တချိန် ဂုဏ်ပြုစရာရှိပြီပေါ့

စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ကို မွန်ပြည်သစ်ပါတီက ဖွဲ့စည်းလိုက်ပြီး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် တာ ဝန်ယူ ရန်ကုန်၊ မတ် ၄ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရန်အတွက် မွန်ပြည်သစ်ပါတီက နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ ဖွဲ့ စည်းလိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ဇေယျက တာဝန်ယူကာ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံနှင့် ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။…

မု-ဒိ-န်းတ-ပ်ကတော့ကြာလေ ယု-တ်လေပဲ

မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာမှ မိန်းကလေးငယ် ၁ ဦးကို တပ်ကြပ်ကြီးကျော်မျိုးနိုင်၊ ဒုတပ်ကြပ်သူရနိုင်၊ တပ်သားချစ်လွန်း၊ တပ်သား မျိုးအောင်၊ တပ်သားကိုကိုအောင် စုစုပေါင်း စစ်သား ၅ ဦးတို့က အုပ်စုဖွဲ့ မုဒိမ်းကျင့် ■ မိန်းကလေးငယ်ကို မုဒိမ်းကျင့်ပြီး ရင်ဘတ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ လည်ပင်းကိုဓားဖြင့်လှီးသတ်၊ အမေနှင့်အဘိုးတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ ရန်ကုန်၊ မတ် ၃ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊…

အလှူပစ္စည်း တွေရလိုက်တဲ့ ကေအိုင်အေ👏👏👏

မံစီမြို့နယ်ရှိ စစ်တပ်၏ မကျဥ်းကုန်း ဗျူဟာစခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ လက်နက် အများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ မတ် ၃ ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မကျဥ်းကုန်း ဗျူဟာစခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA…

ပျော်ရဲ့လားဟေးး မောင်တို့ရေဒန်တန့်တန့် ဒန်တန့်တန့်🤭

ရခိုင်စစ်မျက်နှာပြင်တွင် ကျောင်းဆင်းစ စစ်ဗိုလ်များနှင့် တိုက်ခိုက်ရေးတပ်မဟုတ်သည့် လက်ရုံးတပ်များမှ စစ်သည်များ သေဆုံးမှု များပြားနေ ရန်ကုန်၊ မတ် ၃ ရခိုင်စစ်မျက်နှာပြင်တွင် ကျောင်းဆင်းစ စစ်ဗိုလ်တချို့ အပါအဝင် တိုက်ခိုက်ရေးတပ်မဟုတ်သည့် လက်ရုံးတပ်များမှ စစ်သည်များ သေဆုံးမှု များပြားနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့နှင့် ကျောင်းဆင်းစ စစ်ဗိုလ်တချို့၏ နာရေးအကြောင်း သိရှိသူ ပြည်သူတချို့ထံမှ သိရှိရသည်။ ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီလ ၂၄…

လုပ်ကွက်တွေရနေတာ ပိုက်ဆံမပေးနိုင်ရင် စုဆောင်းခံရမယ်

မော်လမြိုင်မှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေရှိလာ မတ်လ ၃ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို အကြောင်းအမျိူးမျိုးပြဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ နေရာအနှံ့မှာ စစ်ဆေးပြီးနောက် လမ်းပေါ်မှာရှိနေတဲ့ လူငယ်တချို့ကို မထင်ရင်မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မော်လမြိုင်မြို့…

တောင်ပိုင်းကအုပ်ကြီးတို့ပျူတို့အလှည့်လာဘီ

ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ ရန်ကုန်၊ မတ် ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်ဖွဲ့တစ်ဦး၏ ဖခင် ပျူစောထီးတစ်ဦး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ တပ်ခွဲ…

အိပ်ကြနော် အေးဆေးအိပ်ကြ များများအိပ်ကြ😄😄😄😄

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ ရန်ကုန်၊ မတ် ၃ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တနင်္သာရီ SOF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ…

ငပုတို့အဖွဲ့ ဘောင်မဝင်တာသိသာလွန်းတယ်

ထိုင်းလွှတ်တော်တွင် NUG နိုင်ငံခြားရေးဝန်ကြီး၊ KNU နှင့် NUCC တို့ ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ဆက်လက်ကျင်းပနေ ရန်ကုန်၊ မတ် ၃ ထိုင်းလွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စားလှယ်များ ၊ KNU နှင့် NUCC တို့ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ယမန်နေ့မှစတင်၍ ကျင်းပနေကြောင်း…