ဟားဟားဟား ငှက်ပျောဖူးကျလို့အော်ပြေးကြတာ ဆူညံနေတာပဲ

မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၁၁ ဦး ဒဏ်ရာရ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းနှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း…

မွှင်းခါးပဲဲကြီးတွေ သေချာစာရင်းပြုစုထားတာ

ဇန်နဝါရီလအတွင်း စစ်တပ် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူးအဆင့် အထိ အရာရှိ ၁၀ ဦး စစ်မြေပြင်တွင် သေဆုံး၊ လက်နက်ချသူနှင့် အရှင်ဖမ်းဆီးခံရသူ ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူး အထိ ၁၁ ဦးရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးအဆင့်အထိ အရာရှိ ၁၀ ဦး စစ် မြေပြင်တွင်…

စိတ်ချပါ .. တာဝန်ပြီးတဲ့အထိမနေရပါဘူး ..ကြင်စိုးရာ

တာဝန်ပြီးရင် ကာလုံခေါ်ကာ တာဝန်ပြန်အပ်မည်ဟု စစ်ခေါင်းဆောင် ပြောဆို ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၃ ရက် တိုင်းနှင့်ပြည်နယ်အနှံ တော်လှန်အင်အားစုများ၏ တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် တာဝန်ထမ်းဆောင်ပြီးရင် ကာလုံအစည်းဝေးခေါ်ကာ တာဝန်ပြန်အပ်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။ ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်များနှင့် စစ်စခန်းများ တပ်ရင်းများ ဆုံးရှုံးလာပြီးနောက်ပိုင်း…

တည့်တည့်ကြီးကိုကျသွားတာ အုန်းခနဲ့ပဲ(ရုပ်သံ)

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ) ဖေဖော်ဝါရီ ၃ ရက် မကွေးတိုင်း မြိုင်မြို့နယ်ရှိ ရဲစခန်းနဲ့ စီမံကိန်းရုံးရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၃၁ နဲ့ ဖေဖော်ဝါရီ ၁ ရက် ၂…

ကေအိုင်အေ ကတော့အောင်ပွဲဆက်နေပြီ

ဖားကန့် နမ့်တိန်းဗျူဟာကုန်းကိုKIA ဦး​ဆောင်​သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်​ကောင်စီတပ်၏ တပ်မ(၃၃)လက်အောက်ခံ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်က ယမန်နေ့(​ဖေ​ဖော်ဝါရီလ ၂ရက်) ညက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။ "စတိုက်ပြီး မိနစ်အနည်းငယ်က စပြီး…

လမ်းဘေးအိပ်နေတဲ့ကိုလှဆွေတို့သားအဖ(ရုပ်/သံ)

ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်း (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၃ တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်ပကဖမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန်…

ဒီမင်းသမီးလေးကိုအားပေးရကျိုးနပ်လိုက်တာ

စစ်တောင်းဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုရဲဘော်များအတွက် ကျည်ကာဝတ်စုံများ ပေးအပ် ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းတွင် အခြေပြုလှုပ်ရှားနေသည့် PDF အထူးကွန်မန်ဒိုရဲဘော်များအတွက် Project Life Saving အသက်ကယ် Campaign မှရရှိသည့် ကျည်ကာဝတ်စုံ ၃၀၆စုံတိတိ ကို သရုပ်ဆောင် မြနှင်းရည်လွင်က စစ်ဒေသကွပ်ကဲရေး နောက်တန်းဌာနချုပ်အထိ ၂ကြိမ် သွားရောက်ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း…

လျှပ်တစ်ပြတ် ရိုက်ချက်(ရုပ်/သံ)

ဆားလင်းကြီးရဲစခန်းအနီးရှိ ရဲအင်အား ၁၀ ဉီးခန့်ရှိတဲ့ ဘန်ကာကို တော်လှန်ရေးတပ်တွေ အလစ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ) ++++++++++++++++++++++++++ ဖေဖော်ဝါရီ ၃ ရက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းအနီးရှိ ရဲအင်အား ၁၀ ဉီးခန့်ရှိတဲ့ ဘန်ကာကို တော် လှန်ရေးတပ်တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၆မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီ…

အပြေးမြန်လိုက်ကြတာ ထိပ်တိုက်တောင်မတွေ့ရဲဘူး

မြင်းခြံမြို့နယ် တဲကုန်းရွာရှိ အကြမ်းဖက်စစ်သားတွေ စခန်းချထားတဲ့ ပျူအုပ်ကြီးအိမ်ကို ဝင်ရောက်ရှင်းလင်း (ရုပ်/သံ) +++++++++++++++++++ ဖေဖော်ဝါရီ ၃ ရက် မန္တလေးတိုင်း မြင်းခြံမြို့နယ် တဲကုန်းရွာရှိ အကြမ်းဖက်စစ်သားတွေ စခန်းချထားတဲ့ ပျူစောထီး အုပ်ကြီးအိမ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ရှင်းလင်းခဲ့တယ်လို့ NDA MDYမှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်ခန့်က…

အရေးယူစရာလား ဘိန်းစားဂိုဏ်းသားချင်းတူတူ

နေပြည်တော်စစ်ရုံးအတွင်းသို့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားဖြစ်သူ မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိရသော်လည်း အရေးယူမှုမရှိရန်ကုန်၊ ဖေဖော်ဝါရီ ၃ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏…