စစ်ကောင်စီရဲ့လက်နက်ကြီး အိန္ဒိယကျေးရွားအနီးကျရောက်ပေါက်ကွဲဇန်နဝါရီလ ၅ ရက်စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာအခြေစိုက်စစ်ေကာင် စီတပ်ဖွဲ့မှဇန်နဝါရီလ ၃ရက်နေ့တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် အိန္ဒိယဘက်ကျေးရွာအနီးတွင်ကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရသည်။၎င်းစစ်ကောင်စီတပ်ဖွဲ့များရမ်းသမ်းပစ်ခတ်ခဲ့သောလက်နက်ကြီးအဆံဟာ ကျန်ဒေခရိုင် ရန်ငိုဗွန် ကျေးရွာအနီးတွင် ၅လုံး ကျရောက်ခဲ့ကာ ၃လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူအထိအခိုက်တော့မရှိဘူးဟု ဒေသခံများပြောပြထားပါသည်။အဆိုပါပစ်ခတ်မူဟာတိုက်ပွဲဖြစ်ပွားခြင်းမျိုးမဟုတ်ပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စခန်းများရှိနိုင်သည်ဟုယူဆသော နေရာများကိုရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်သည်ဟု ပအဖ တာဝန်ရှိသူတစ်ဦးပြောပြချက်အရသိရသည်။ရန်ငိုဗွန်းကျေးရွာဟာမြန်မာစစ်ဘေးရှောင်အများအပြားစစ်ရှောင်ခိုလှုံနေကြပြီး ၂၀၂၃နှစ် နှစ်ကုန်ပိုင်းတွင်မိုးရေးမြို့တွင်အဖမ်းအဆီးပိုမိုပြင်းထန်လာမူကြောင့်၎င်း ေကျး ရွာဒေသဘက်သို့မြန်မာစစ်ဘေးရှောင်အများအပြားစုရုံးနေကြတာဖြစ်သည်ဟုလည်းသိရသည်။ယခုလိုစစ်ကောင်စီတပ်မှ လက်နက်ကြီးကိုနှစ်နိုင်ငံနယ်စပ်ကျူးကျော်ပစ်ခတ်မူဟာယခုကြိမ်နဲ့ ၄ကြိမ်ခန့်ရှိသွားပြီဖြစ်ပြီး ၂၀၂၃ဇူလိုင်လတွင် ဟောင်လင်းဖိုင်ကျေးရွာရှိစစ်ဘေးရှောင် ကလေးငယ်တစ်ဦးကိုလည်းလက်နက်ကြီးဆံထိမှန်ခဲ့ပါသေးသည်ဟုသိရသည်။ရန်ငိုဗွန်းကျေးရွာဟာမိုးရေးမြို့အောက်ပိုင်းအိန္ဒိယမြန်မာနယ်စပ်ကျေးရွားဖြစ်ပြီး…
Posted by
admin
January 5, 2024