ထားဝယ်မုန့်ဟင်းခါး၂ပွဲ

ထားဝယ်ထောင်မှ ထွက်လာသည့် ကားကို စီးနင်းခဲ့ပြီး ထောင်ဝန်ထမ်း ၂ ဦးကို ပစ်သတ်၍ အကျဥ်းသား ၅ ဦး ကို ပြည်ပသို့ပို့ဆောင်ပေးခဲ့ဟု DGRF ထုတ်ပြန် ဇွဲနိုင်/ဧရာဝတီတိုင်းမ် (ရေဖြူ) ၊ နိုဝင်ဘာလ ၁ ရက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ပြီးခဲ့သည် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ထားဝယ်ထောင်မှ ထွက်လာသော…

ဘယ်ပြေးနေလဲ ဘပြောင် နပတမှာနေရဲတော့ဘူးလား ပုသိမ် ထိလိုက်လာနေအုန်းမယ်

သမ္မတဟောင်း ဦးသိန်းစိန် ပုသိမ်မြို့တွင် အခြေချဖို့ပြင်ဆင်နေ ဧရာဝတီတိုင်းမ် နိုဝင်ဘာလ ၁ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်းဖြစ် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ သမ္မတအဖြစ်တာဝန်ယူခဲ့သည့် ဦးသိန်းစိန်သည် ပုသိမ်မြို့တွင် အခြေချနေထိုင်ရန်အတွက် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ သမ္မတဟောင်း ဦးသိန်းစိန်သည် ပုသိမ်မြို့ လေယာဉ်ကွင်းရှေ့ရှိ စစ်တပ်နှင့်ဆက်စပ်နေသည့် အစိုးရပိုင်မြေနေရာအားရယူပြီး နေအိမ်အကြီးစားဆောက်လုပ်ထားပြီး ဖြစ်ကြောင်း…

(၁၀၂၇)၅ရက်တာအတွင်း စခန်း ၈၇ခု မြို့ ၃မြို့

ကွမ်းလုံ ခလရ-၁၄၃တပ်ရင်း တစ်ရင်းလုံး လက်နက်ချပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သိမ်းဆည်း ရရှိ၊ မနေ့က စစ်အုပ်စု စခန်း ခုနှစ်ခု ထပ်မံ သိမ်းပိုက်နိုင်၊ ၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်အုပ်စု စခန်း (၈၇)ခုနဲ့ မြို့သုံးမြို့ကို သိမ်းပိုက် ထိန်းချုပ်ထား၊ တေဇ/MFP ၊ နိုဝင်ဘာ - ၁ ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊…

အမြင်မှန်ရလို့ အလင်းဝင်ကုန်ကြပီ

ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံး ဗျူဟာစစ်စခန်းကို သိမ်းပိုက်ရရှိပြီး ကွမ်လုံ ပြည်သူ့စစ်များလည်း MNDAA ထံ လက်နက်ချ အလင်းဝင်၊ တပ်ရင်းတစ်ရင်းလုံး အလင်းဝင်သော ခလရ ၁၄၃ ထံမှ သိမ်းဆည်းရရှိသည့်လက်နက်နှင့်ရိက္ခာများ များပြား ရန်ကုန်၊ နိုဝင်ဘာလ ၁ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် နောက်ဆုံး စစ်ကောင်စီ၏ စခန်းဖြစ်သော ကွမ်းလုံ ဗျူဟာစစ်စခန်းကို ယနေ့…

အချက် ၅ ချက်စောင့်ရှောက်မှုဖြင့် ဂုဏ်သိက္ခာရှိစွာအလင်းဝင်ပါ

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ စောင့်ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ် ■ စစ်ကောင်စီတပ်မှ အင်အား ၅၀ ရှိသော တပ်စခန်းတစ်ခုလုံး အညံ့ခံခဲ့၍ အသက်ချမ်းသာပေးပြီး လုံခြုံစွာ နေရာချထားပေး ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် လူဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ အချက် ၅ ချက်နှင့်အညီ စောင့် ရှောက်ပေးမည်ဟု…

ကနီ မုန့်ဟင်းခါး

ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်သော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ…

ယနေ့(၁.၁၁.၂၀၂၃)WED ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နေ့စွဲ-1.11.2023 WED အချိန်-10:10AM ၁၆ပဲရည် -3,470,000MMK ဈေးငြိမ် ၁၅ပဲရည်-3,270,000MMK ဈေးငြိမ် ကမ္ဘာ့ရွှေဈေး ၁အောင်စ-1,978.09ဈေးကျ #ဒေါ်လာဈေး#ငွေဈေး 1Dollor #USD -3,230MMK ဈေးကျ စင်္ကာပူ ‌ဒေါ်လာ #SGD -2,350MMKဈေးကျ ထိုင်ဘတ် #THB -90MMK ဈေးကျ ဂျပန်ယန်း #JPY -21.58MMKဈေးကျ မလေးရှားရင်းဂစ် #MYR -695MMKဈေးကျ တရုတ်ယွမ်…

ဘာတတ်နိုင်သေးလဲ အဓိကဒေါက်တိုင်တွေ ပိတ်ဆို့ခံနေရ

ယူကေနိုင်ငံသည် အမေရိကန်နှင့် ကနေဒါတို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်လိုက်သည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ယူကေနှင့် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်အစိုးရအပေါ် ဖိအားများ တိုးမြှင့်လိုက်သည့်အနေဖြင့် စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ကန့်သတ်ကုန်ပစ္စည်းများ တင်သွင်းပေးနေသော လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံကြေညာလိုက်သည်။ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။…

ပြေးထား ပြေးနိုင်မှလွတ်မယ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်တပ်အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တိုက်ခိုက်မှု ပန်ဆိုင်းမြို့ရဲစခန်း မီးလောင်ပြာကျ ရန်ကုန်၊ နိုဝင်ဘာ ၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် ပန်ဆိုင်း ရဲစခန်း မီးလောင်သွား‌ပြီး ရဲများ ထွက်ပြေးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ အောက်တိုဘာလ ၃၀…

၄စီးကနေ ၆စီးတဲ့ ဝမ်းသာပီတိ ဂွမ်းဆီထိ(ရုပ်သံ)

စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးသိမ်းပိုက်ရရှိပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေဟု MNDAA ပြော ရန်ကုန်၊ အောက်တိုဘာ ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…