ရန်ကုန်သားတွေနော် ဘာမှတ်နေလဲ

လှိုင်သာယာမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်သတိုး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က အသိပေးထားသည်။ဖေဖော်ဝါရီ ၇ ရက် ည ၇နာရီခန့်တွင် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GODအဖွဲ့တို့ပူးပေါင်း၍ ယင်းတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။"ထိုအုပ်ချုပ်ရေးမှူးရုံးသည် ရဲ×၊ စစ်×နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်×များ အခြေချ စုဝေးရာဖြစ်သောကြောင့်…

ပြေးထားဝဋ်လည်နေတာ ပြည်ပြေးခဝေးတွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်​ကောင်စီBGF ၆၃ ဦးထပ်မံထွက်​ပြေး၊​လေးရက်အတွင်းစစ်​ကောင်စီတပ်မှ ၃၂၇ ဦးထွက်​ပြေးခြင်းဖြစ်▪︎ထွက်​ပြေးစစ်​သားနှင့်နယ်ခြား​စောင့်ရဲများကိုစစ်​ကောင်စီပြန်လက်ခံရန်အသင့်ဟုဆို - ရက္ခိုင့်တပ်​တော်-AA ၏ တိုက်ခိုက်မှု​ကြောင့် နယ်စပ်မှဖေ​ဖော်ဝါရီ ၇ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​လာ​သောစစ်​ကောင်စီ နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ၆၃ ဦးထပ်မံ​ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းထွက်​ပြေးလာသူ ၃၂၇ ဦးရှိပြီဖြစ်​ကြောင်း bdnews 24 က​ဖော်ပြသည်။ဗုဒ္ဓဟူးနေ့ကထပ်မံထွက်​ပြေးလာသူများသည် Teknaf Upazila ရှိ Ulubonia နယ်ခြားမှတ်တိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့​ကြောင်းသိရသည်။…

ငါတို့ခလေးတွေအတွက်အကြွေးပြန်ယူပစ်ကွာ

ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်တပ်နှင့်တော်လှန်ရေးရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ခံရန်ကုန်၊ ဖေဖော်ဝါရီ ၇ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ…

အဆုံးမရှိအောင်ကိုယုတ်မာနေကြတာပဲ(ရုပ်သံ)

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မအူပင်ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးပြီးနောက် ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဖားကန့်လမ်းပေါ်ရှိ မအူပင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးသွားကာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ်…

ရန်ကုန်မြို့ဆိုင်းသံဗုံသံဝေဝေဆာဆာ

မြေနီကုန်းကုန်းတံတားအောက်၊ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီးကုန်းကုန်းတံတားအောက်၊ ယာဉ်းထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ရန်ကုန် UG တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "မြေနီကုန်း၊ ကုန်းတံတားအောက်က ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲခဲ့ပါတယ်။ အထိအခိုက်တော့မသိရသေးဘူး။ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာပါ" ဟု တော်လှန်ရေးရဲဘော်က…

မင်းပြားမြို့ကို AA သိမ်းပိုက် ထိန်းချုပ်နိုင်

ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၆ ရက်တွင် သိမ်း ပိုက် ထိန်းချုပ်လိုက်ကြောင်း AA ထံမှ သိရသည်။ မင်းပြားမြို့နယ်တွင် ခုခံနေသည့် စစ်ကောင်စီ၏ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃ ရင်းကို AA က အပြီးသတ် သိမ်းပိုက်လိုက်သဖြင့် မင်းပြားမြို့ကို…

ခဝေးတွေ ကိုယ့်နတ်နတ်သီးပြန်နင်းမိ ချိုလား

ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတို့ကြောင့် စစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က လွယ်ပွတ်ကျေးရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများ ထွက်ပြေးရ ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆု့းပြီး ၂ ဦးအရှင်ဖမ်းမိကြောင်း PNLA မှ…

7.2.2024 ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ

ဖေဖော်ဝါရီ ၇ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ ရည်ညွှန်း ဆန်ဈေး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ် အထူး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်…

မြောင်ခင်ရန်းက ခလေးနှစ်ယောက်တွက် အကြွေးတောင်းရအောင်

မြောင်ခင်ရန်း စစ်ရာဇဝတ်မှု ဘယ်သူ​​တွေဦး​ဆောင်ခဲ့လဲ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၌ စစ်ကောင်စီတပ်နှင့် ပျုစောထီးများက အများပြည်သူမြင်ကွင်းတွင် ရက်စက်စွာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သော ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ယောကာကွယ်ရေးတပ်(YDF) ဖိုးတေနှင့် သားထောင်တို့ဖြစ်​သည်။ ဖိုးတေနှင့်သားထောင်သည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၇ရက်က YDF ဦး​ဆောင်၍ ​မဟာမိတ်တပ်ဖွဲ့များက မြောက်ခင်ရန်းပျူရွာမှ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းယောကာကွယ်ရေးတပ်က​ဖေ​ဖော်ဝါရီ ၆ ရက်ညပိုင်းက တရားဝင်ထုတ်ပြန်အသိ‌ပေးလာသည်။ အရက်မူးနေသည့်အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်…

မယ်ဝေးတောင်ပေါ်ကအက်ရှင်အလန်းစားရှိုးလိုက်

ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၇ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ်…