”ဆယ့်တစ်မီးငြိမ်းယတြာ”
လူတွေမှာတောက်လောင်နေတဲ့
၁။ ရာဂမီး
၂။ လောဘမီး
၃။ ဒေါသမီး
၄။ မောဟမီး
၅။ ဇာတိမီး
၆။ ဇရာမီး
၇။ ဗျာဓိမီး
၈။ မရဏမီး
၉။ သောကမီး
၁၀။ ပရိဒေဝမီး
၁၁။ ဒုက္ခ ၊ ဒေါမနဿ ဆိုတဲ့
တစ်ဆယ့်တစ်ပါးသော
မီးတွေလောင်မြိုက်ခံစားရတဲ့အခါမှာ
ဒီလိုလေးလုပ်ကြည့်ပါ ။
လူရယ်တခု ပူမှူရယ်က ဆယ်ကုဋေ
ပြေသွားပါလိမ့်မယ်။
ပြုလုပ်ပုံ
======
ဘုရားကျောင်းဆောင်ရှေ့မှာ စားပွဲခုံတလုံးခင်းပြီး
အဆင်ပြေရာလင်ဗန်းတချပ်တင်ပါ ၊၊
( လင်ဗန်းက အဝိုင်းလဲရ ၊ လေးထောင့်လဲရ)
အဲဒီလင်ဗန်းထဲမှာ ဖယောင်းတိုင် ( ၁၁) တိုင်
အကွာအဝေးညီတူခွဲ၍စိုက်ပါ ။
သေချာမြဲအောင်ကပ်ပါစိုက်ပါ။
ပြီးရင်
အောက်ခြေမှာ ရေ လက်တဆစ် ထည့်လိုက်ပါ ။
(ဘုရားကျောင်းဆောင်ပေါ်မှစွန့်လဲတော်မူတဲ့
သောက်တော်ရေ ပိုထိရောက်)
ဖယောင်းတိုင်ချေတွေရေမြုပ်ရပါမယ်။
ထို့နောက်ဘုရားတပည့်တော်မှာတင်ရှိနေသော
အပူသောကမီး တစ်ဆယ့်တစ်ပါး ကို
အပြီးတိုင်လောင်ကျွမ်းကုန်ဆုံးစေဖို့
အခုမီးရိူ့လိုက်ပါပြီ ၊၊
ဘုရားရှင်တို့၏
တရားရေအေးအမြိုက်ဆေးကြောင့်
အပူသောကမီးများ ငြိမ်းအေးရပါလို၏ ဟု လိုအပ်ရာဆုတောင်းရင်း မီးထွန်းညှိလိုက်ပါ။
ဖယောင်းတိုင်မကုန်ခင်
အဆင်ပြေတဲ့ဂုဏ်တော်ပွားများပါ။
ဖယောင်းတိုင် တွေ အောက်ခြေရောက်လာလို့ရေနဲ့ထိတဲ့အခါ
ရှဲရှဲ မြည်ပြီးငြိမ်းကြပါလိမ့်မယ် ။
ဖယောင်းတိုင် တစ်တိုင်ငြိမ်းရင်
မိမိရဲ့အပူမီးတခုလျော့ပြေ
ကျေသွားတာလို့မှတ်ယူထားပါ ။
ဗုဒ္ဓဘာသာမဟုတ်တဲ့ လူတယောက် မပီမသနဲ့
ဗုတ်ဒံ သရဏံ ဂစ်ဆာမီ
ဓမ်မံ သရဏံ ဂစ်ဆာမီ
သံဂန် သရဏံ ဂစ်ဆာမီ နဲ့
ဖယောင်းတိုင် ကုန်အထိရွတ်ဆိုတာ
ပျောက်တဲ့ passport ပြန်ရသွားပါပြီ
မိတ်ဆွေတို့က ဂါထာတွေ ၊ ဂုဏ်တော်တွေ
အများကြီးရတဲ့သူ တွေဆိုတော့
ပိုပြီးအကျိုးပေးမြန်လေ့မယ်လို့မျှော်လင့်ပါတယ်။
ကိုယ့်ရဲ့အပူကို သိအောင်အရင်လုပ်ပါ။
ရိုးသားစွာဝန်ခံပါ။
ဘုရားရှင်တို့သည်
ရိုးသားသူကိုဦးစားပေးပါတယ်။