တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှု မင်းအောင်လှိုင် မျက်နှာမသာမယာဖြင့် ပြီးဆုံး
နေပြည်တော်ရှိ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို မျက်နှာမသာမယာနဲ့ တွေ့မြင်ရပြီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံဘက် အမြှောက်ကျည်ကျရောက်မှုကို အပြင်းအထန်ကန့်ကွက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တရုတ်ဘက်က အလေးပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong နဲ့အတူ တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် H. E. Mr. Chen Hai လည်း လိုက်ပါလာပြီး ဇန်နဝါရီ ၅ ရက်၊ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ဧည့်ရိပ်သာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ရာပြည့်၊ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ တို့ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
တ႐ုတ္ဒုႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံမႈ မင္းေအာင္လႈိင္ မ်က္ႏွာမသာမယာျဖင့္ ၿပီးဆုံး
၅ ဇန္နဝါရီ ||| ေႏြဦးအသံ |||
ေနျပည္ေတာ္ရွိ တ႐ုတ္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံပြဲမွာ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ ကို မ်က္ႏွာမသာမယာနဲ႔ ေတြ႕ျမင္ရၿပီး ေဆြးေႏြးပြဲမွာ တ႐ုတ္ႏိုင္ငံဘက္ အေျမႇာက္က်ည္က်ေရာက္မႈကို အျပင္းအထန္ကန႔္ကြက္ၿပီး နယ္စပ္ေဒသတည္ၿငိမ္ေရးကို တ႐ုတ္ဘက္က အေလးေပးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Mr. Sun Weidong နဲ႔အတူ တ႐ုတ္အစိုးရ၏ အာရွေရးရာအထူးကိုယ္စားလွယ္ Deng Xijun ၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ အမတ္ H. E. Mr. Chen Hai လည္း လိုက္ပါလာၿပီး ဇန္နဝါရီ ၅ ရက္၊ မနက္ပိုင္းမွာ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ တပ္မေတာ္ဧည့္ရိပ္သာမွာ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ေတြ႕ဆုံခဲ့ၾကတာပါ။
အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ျပည္ထဲေရးဝန္ႀကီး ရာျပည့္၊ ႏိုင္ငံျခားေရး ဝန္ႀကီး သန္းေဆြ တို႔ကလည္း အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္နဲ႔အတူ ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၾကတယ္လို႔ သတင္းရရွိပါတယ္။