စီလုတ်အဆော်ခံလိုက်ရလို့ ဘပုမျက်နှာမသာမယာ

တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှု မင်းအောင်လှိုင် မျက်နှာမသာမယာဖြင့် ပြီးဆုံး

နေပြည်တော်ရှိ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို မျက်နှာမသာမယာနဲ့ တွေ့မြင်ရပြီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံဘက် အမြှောက်ကျည်ကျရောက်မှုကို အပြင်းအထန်ကန့်ကွက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တရုတ်ဘက်က အလေးပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong နဲ့အတူ တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် H. E. Mr. Chen Hai လည်း လိုက်ပါလာပြီး ဇန်နဝါရီ ၅ ရက်၊ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ဧည့်ရိပ်သာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ကြတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ရာပြည့်၊ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ တို့ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

၅ ဇန်နဝါရီ ||| နွေဦးအသံ |||

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *