လနကြီးကုန်းတွေ အကုန်သိမ်းပြီးစီး

မိုင်ဂျာယန်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ယောယုံဗျူဟာစခန်းအပါဝင် စခန်း၃ခုတိုက်ခိုက်သိမ်းပိုက်ထား

မတ်လ ၂၈၊၂၀၂၄

သောင်ရင်းသတင်းလွှာ

ကချင်ပြည်နယ်၊ မိုင်ဂျာယန်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ယောယံဗျူဟာကုန်းစခန်းအပါဝင် စစ်ကောင်စီတပ်စခန်း ၃ခုကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသခံတွေထံကနေသိရပါတယ်။

မနေ့က စကခ(၂၁)လက်အောက်ခံ နည်းဗျူဟာ(၂)စခန်း၊ မိုးမောက်-စိန်းလုံကမ္ဘာလမ်းကြောင်းပေါ်က လော့ဒန်စခန်းနဲ့လွယ်ဂျယ်မြို့ အပေါ်စေတီကုန်းတန်းက ရတလ(၁၄၂) ဖလန်ဘွမ်စခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေအများအပြားရှိခဲ့သလို လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။

မတ်လ ၂၈၊၂၀၂၄
သောင်ရင်းသတင်းလွှာ

Be the first to comment

Leave a Reply

Your email address will not be published.


*