ပုမတော်နေ့မှာ ခဝေး၂ကောင်မတ်စေ့ငုံ

မတ်လ ၂၈ရက်နေ့၊ ၂၀၂၄ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ လမ်းမကြီးကို တပ်မတော်နေ့ အခမ်းအနားအတွက် လမ်းကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ဝင်‌ေရာက်တိုက်ခိုက်ခံရတယ်လို့ ဗထူးတပ်မတော်ဆီကနေ သိရပါတယ်။

တပ်မတော်နေ့လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ မတ်လ ၂၇ရက်နေ့၊ ညနေ ၅နာရီခွဲလောက်မှာ အင်အား ၅၀လောက်နဲ့ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်ဝင်‌ေရာက်ပစ်ခတ်တဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်လောက်ကြာမြင့်ခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ဆိုပါတယ်။

“ လမ်းကင်းယူထားတာက လမ်းမကြီးကို ပိတ်ချပြီးကို ယူထားတာ။ ကျနော်တို့ ပစ်တဲ့အချိန်မှာတော့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားတယ်” လို့ သူကအခုလိုပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာတော့ စစ်ကောင်စီရဲ့ ဇဟာအခြေစိုက် အမတ(၃၀၂) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ညနေ ၆နာရီလောက်ထိ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သား ၂ဦးသေဆုံးတာ မျက်မြင်တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ရဲဘော်ထက်မြတ်က ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဗထူးတပ်မတော်နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃ရက်နေ့တုန်းကလည်း ဇဟာအမြောက်တပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း-နော်အယ်နီး

ပုံ- ဗထူးတပ်မတော်

မတ္လ ၂၈ရက္ေန႔၊ ၂၀၂၄ခုႏွစ္

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္၊ ဇဟာေက်း႐ြာ လမ္းမႀကီးကို တပ္မေတာ္ေန႔ အခမ္းအနားအတြက္ လမ္းကင္းယူေပးေနတဲ့ စစ္ေကာင္စီတပ္သားေတြ အလစ္ဝင္‌ေရာက္တိုက္ခိုက္ခံရတယ္လို႔ ဗထူးတပ္မေတာ္ဆီကေန သိရပါတယ္။

တပ္မေတာ္ေန႔လို႔ စစ္ေကာင္စီက သတ္မွတ္ထားတဲ့ မတ္လ ၂၇ရက္ေန႔၊ ညေန ၅နာရီခြဲေလာက္မွာ အင္အား ၅၀ေလာက္နဲ႔ လမ္းကင္းယူေနတဲ့ စစ္ေကာင္စီတပ္သားေတြကို အလစ္ဝင္‌ေရာက္ပစ္ခတ္တဲ့တာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈ ၁၅မိနစ္ေလာက္ၾကာျမင့္ခဲ့တယ္လို႔ ဗထူးတပ္မေတာ္ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ရဲေဘာ္ထက္ျမတ္က ဆိုပါတယ္။

“ လမ္းကင္းယူထားတာက လမ္းမႀကီးကို ပိတ္ခ်ၿပီးကို ယူထားတာ။ က်ေနာ္တို႔ ပစ္တဲ့အခ်ိန္မွာေတာ့ ထိေတြ႕မႈ အနည္းငယ္ျဖစ္ပြားတယ္” လို႔ သူကအခုလိုေျပာပါတယ္။

တိုက္ခိုက္မႈျဖစ္ပြားေနတဲ့အခ်ိန္မွာေတာ့ စစ္ေကာင္စီရဲ႕ ဇဟာအေျခစိုက္ အမတ(၃၀၂) တပ္ရင္းကေန လက္နက္ႀကီးေတြနဲ႔ ညေန ၆နာရီေလာက္ထိ အဆက္မျပတ္ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္ေတြဘက္က တပ္သား ၂ဦးေသဆုံးတာ မ်က္ျမင္ေတြ႕ရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူေတြလည္း ရွိခဲ့တယ္လို႔ ရဲေဘာ္ထက္ျမတ္က ဆက္ေျပာပါတယ္။

အဲ့ဒီတိုက္ခိုက္မႈကို ဗထူးတပ္မေတာ္နဲ႔ ေရျဖဴျပည္သူ႔ကာကြယ္ေရးအဖြဲ႕တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

မတ္လ ၃ရက္ေန႔တုန္းကလည္း ဇဟာအေျမာက္တပ္ရင္းကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္သား ၄ဦးေသဆုံးခဲ့ပါေသးတယ္။

သတင္း-ေနာ္အယ္နီး

ပုံ- ဗထူးတပ္မေတာ္

Be the first to comment

Leave a Reply

Your email address will not be published.


*