ကိုလှရွှေတို့များ ကားကိုပစ်ပြီးခြေချင်ပြေးကုန်ကြလေသတည်း

ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေး ၊ စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သည့်ကား၂ စီးကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ် သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသဖြင့် ကျန်ရစ်ခဲ့သော ကား ၂ စီးကို မီးရှို့ ရှင်းလင်း ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှ အိမ်စီးကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ဝက်လူးကျေးရွာအတွင်း၌ ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးကြကြောင်း၊ ထို့ပြင် ၎င်းတို့ စီးနင်းလာသော ကားများကိုလည်း ထားပြီး ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသည့် ကား ၂ စီးပေါ်မှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံးနှင့် ငွေသားအချို့သိမ်းဆည်းရရှိကြောင်း၊ ကား ၂ စီး လုံးကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“ကားပေါ်မှာက ၂ စီးဆိုတော့ ၈ ကောင်လောက်တော့ပါမယ်။ စခရော၊ ရခ ရောပါမှာပေါ့။ သူတို့ ဘက်က ရမ်းပစ်ခတ်တာလောက်ပဲရှိတယ်။ ဘာမှ ပြန်မပစ်ဘဲနဲ့ ထွက်ပြေးသွားတာ။ ထိခိုက်မှုကတော့ များနိုင်တယ်။ သေဆုံးတာရှိ၊ မရှိကတော့ စုံစမ်းဆဲပါပဲ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defense Force နှင့် နွားထိုးကြီး ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သော ကား ၂ စီးကို တော်လှန်ရေါ်တပ်များက မီးရှို့ ရှင်းလင်းစဉ်။

ဝက္လူးနယ္ေျမရဲစခန္းမွ အိမ္စီးကားျဖင့္ ထြက္လာေသာ စစ္သားႏွင့္ ရဲမ်ားကို တိုက္ခိုက္မႈ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဒဏ္ရာမ်ားျဖင့္ ထြက္ေျပး ၊ စစ္သားႏွင့္ရဲမ်ား က်န္ရစ္ခဲ့သည့္ကား၂ စီးကို မီးရႈိ႕ရွင္းလင္း
ရန္ကုန္၊ ဧၿပီ ၂၅
မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ဝက္လူးနယ္ေျမရဲစခန္းမွ အိမ္စီးကားျဖင့္ ထြက္လာေသာ စစ္ သား၊ ရဲမ်ားကို တိုက္ခိုက္ခဲ့ရာ ဒဏ္ရာမ်ားျဖင့္ ထြက္ေျပးသြားသျဖင့္ က်န္ရစ္ခဲ့ေသာ ကား ၂ စီးကို မီးရႈိ႕ ရွင္းလင္း ခဲ့ေၾကာင္း ျမင္းၿခံခ႐ိုင္ အမွတ္ ၄ တပ္ရင္း ႏြားထိုးႀကီး PDF တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။


ယမန္ေန႔ ဧၿပီ ၂၄ ရက္ေန႔ နံနက္ ၈ နာရီခြဲခန္႔တြင္ ျမင္းၿခံၿမိဳ႕နယ္၊ ဝက္လူးနယ္ေျမ ရဲစခန္းမွ အိမ္စီးကား ၂ စီးျဖင့္ ထြက္လာေသာ အၾကမ္းဖက္စစ္သား၊ ရဲမ်ားကို ဝက္လူးေက်း႐ြာအတြင္း၌ ပစ္ခတ္ တိုက္ ခိုက္ခဲ့ရာ စစ္သား၊ ရဲမ်ားမွာ ဒဏ္ရာမ်ားျဖင့္ ထြက္ေျပးၾကေၾကာင္း၊ ထို႔ျပင္ ၎တို႔ စီးနင္းလာေသာ ကားမ်ားကိုလည္း ထားၿပီး ထြက္ေျပးသြားသျဖင့္ က်န္ရွိေနသည့္ ကား ၂ စီးေပၚမွ ေျခာက္လုံးျပဴး ေသနတ္ ၁ လက္၊ ဖုန္းတစ္လုံး၊ စကားေျပာစက္တစ္လုံးႏွင့္ ေငြသားအခ်ိဳ႕သိမ္းဆည္းရရွိေၾကာင္း၊ ကား ၂ စီး လုံးကို မီးရႈိ႕ရွင္းလင္းလိုက္ေၾကာင္း သိရွိရသည္။
“ကားေပၚမွာက ၂ စီးဆိုေတာ့ ၈ ေကာင္ေလာက္ေတာ့ပါမယ္။ စခေရာ၊ ရခ ေရာပါမွာေပါ့။ သူတို႔ ဘက္က ရမ္းပစ္ခတ္တာေလာက္ပဲရွိတယ္။ ဘာမွ ျပန္မပစ္ဘဲနဲ႔ ထြက္ေျပးသြားတာ။ ထိခိုက္မႈကေတာ့ မ်ားႏိုင္တယ္။ ေသဆုံးတာရွိ၊ မရွိကေတာ့ စုံစမ္းဆဲပါပဲ” ဟု ျမင္းၿခံခ႐ိုင္ အမွတ္ ၄ တပ္ရင္း ႏြားထိုးႀကီး PDF တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
အဆိုပါ တိုက္ခိုက္မႈကို ျမင္းၿခံခ႐ိုင္တပ္ရင္း ၄ Natogyi People Defense Force ႏွင့္ ႏြားထိုးႀကီး ပကဖ တို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ျပန္လည္ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ- စစ္သားႏွင့္ရဲမ်ား က်န္ရစ္ခဲ့ေသာ ကား ၂ စီးကို ေတာ္လွန္ေရၚတပ္မ်ားက မီးရႈိ႕ ရွင္းလင္းစဥ္။

Be the first to comment

Leave a Reply

Your email address will not be published.


*