မွန်ပြည်နယ် အုပ်ကြီးတွေ နမူနာယူကြ

ပျူခေါင်းဆောင် ပြည်သူ့စစ်အဖွဲ့ဝင် အုပ်ကြီး ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

++++++++++++++

ဧပြီ ၂၆ ၊ ၂၀၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာက လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၃ရက် ညနေပိုင်းက ကော့ထင်းကျေးရွာထိပ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဧပြီလ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဝင်းအောင်ဟာ ပျူစောထီးခေါင်းဆောင် တယောက်ဖြစ်သလို ပြည်သူ့စစ်အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။ အများပိုင်လယ်မြေတွေ သိမ်းယူတာ၊ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး လူသစ်စုဆောင်းတာတွေ လုပ်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သူက လက်နက်ကိုင်ဆောင်ထားတဲ့ အုပ်ကြီးဗျ။ ပြည်သူ့စစ် သင်တန်းတက်ပြီးသား။ ပျူခေါင်းဆောင်တယောက်လည်း ဖြစ်တယ်။ သူ့သားကလည်း မှော်ဘီလေတပ်က အရာရှိဆိုတော့ ထင်တိုင်းကြဲနေတာပေါ့။ သောင်လယ်တွေကို သူက ဝိုက်ပြီး သူနဲ့ သူ့ပြည်သူ့စစ်အဖွဲ့သားတွေ ဝေယူနေကြတာ” လို့ PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူကပဲ ဆက်ပြီး “ကျနော်တို့က စစ်ကောင်စီနဲ့ အဖွဲ့ဝင်တွေအားလုံးကို အမြဲပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။ ကိုယ့်ဘက်က အခြေအနေသာရင် သာသလို လုပ်ဖြစ်တယ်” လို့ မောင်းကို ပြောပြပါတယ်။

ပုံစာ – ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ပြည်သူ့စစ်အဖွဲ့ဝင် အုပ်ချုပ်ရေးမှူး ဝင်းအောင်

ပ်ဴေခါင္းေဆာင္ ျပည္သူ႔စစ္အဖြဲ႕ဝင္ အုပ္ႀကီး ဝင္းေအာင္ ပစ္ခတ္ခံရၿပီး ေသဆုံး
++++++++++++++
ဧၿပီ ၂၆ ၊ ၂၀၂၄
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ေကာ့ထင္းေက်း႐ြာက လက္နက္ကိုင္ ပ်ဴေစာထီးေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးမႉး ဝင္းေအာင္ကို PDF တပ္ရင္း – ၇၈၀၅ ၊ တပ္ခြဲ – ၄ ၊ UG အဖြဲ႕က ၿပီးခဲ့တဲ့ ဧၿပီ ၂၃ရက္ ညေနပိုင္းက ေကာ့ထင္းေက်း႐ြာထိပ္မွာ ပစ္ခတ္ရွင္းလင္းခဲ့ၿပီး ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ ဧၿပီလ ၂၅ရက္မွာ သတင္းထုတ္ျပန္ပါတယ္။
စစ္တပ္အာဏာသိမ္းၿပီးခ်ိန္မွာ အုပ္ခ်ဳပ္ေရးမႉးျဖစ္လာတဲ့ ဝင္းေအာင္ဟာ ပ်ဴေစာထီးေခါင္းေဆာင္ တေယာက္ျဖစ္သလို ျပည္သူ႔စစ္အဖြဲ႕ဝင္တေယာက္လည္း ျဖစ္ပါတယ္။ အမ်ားပိုင္လယ္ေျမေတြ သိမ္းယူတာ၊ စစ္မႈထမ္းဥပေဒ အေၾကာင္းျပၿပီး လူသစ္စုေဆာင္းတာေတြ လုပ္ေနတာေၾကာင့္ အခုလို သုတ္သင္ရွင္းလင္းခဲ့တာ ျဖစ္ၿပီး အခင္းျဖစ္တဲ့ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
“သူက လက္နက္ကိုင္ေဆာင္ထားတဲ့ အုပ္ႀကီးဗ်။ ျပည္သူ႔စစ္ သင္တန္းတက္ၿပီးသား။ ပ်ဴေခါင္းေဆာင္တေယာက္လည္း ျဖစ္တယ္။ သူ႔သားကလည္း ေမွာ္ဘီေလတပ္က အရာရွိဆိုေတာ့ ထင္တိုင္းႀကဲေနတာေပါ့။ ေသာင္လယ္ေတြကို သူက ဝိုက္ၿပီး သူနဲ႔ သူ႔ျပည္သူ႔စစ္အဖြဲ႕သားေတြ ေဝယူေနၾကတာ” လို႔ PDF တပ္ရင္း – ၇၈၀၅ ၊ တပ္ခြဲ – ၄ ၊ UG ရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။
သူကပဲ ဆက္ၿပီး “က်ေနာ္တို႔က စစ္ေကာင္စီနဲ႔ အဖြဲ႕ဝင္ေတြအားလုံးကို အၿမဲပစ္မွတ္ထား ေစာင့္ၾကည့္ေနပါတယ္။ ကိုယ့္ဘက္က အေျခအေနသာရင္ သာသလို လုပ္ျဖစ္တယ္” လို႔ ေမာင္းကို ေျပာျပပါတယ္။
ပုံစာ – ပစ္ခတ္ခံရၿပီး ေသဆုံးသြားတဲ့ ပ်ဴေခါင္းေဆာင္ ျပည္သူ႔စစ္အဖြဲ႕ဝင္ အုပ္ခ်ဳပ္ေရးမႉး ဝင္းေအာင္

Be the first to comment

Leave a Reply

Your email address will not be published.


*