ခမရ ၄၃၄ နဲ့ ခလရ ၁၉ဆို့အောက်

ဖားပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၃၄ ကို တိုက်ခိုက်သိမ်းပိုက်မှု NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

ဖားပွန်မြို့အပြင် ခမရ ၄၃၄ နဲ့ ခလရ ၁၉ တို့ကိုပါ တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထား…

++++++++++++++++

ဧပြီ ၂၆

ကရင်ပြည်နယ်၊ ဖားပွန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၄၃၄ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖားပွန်မြို့အပြင် ခမရ ၄၃၄ နဲ့ ခလရ ၁၉ တို့ကိုပါ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲဝင်နေတာဖြစ်ပြီး ဧပြီလ (၂၅) ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၄၃၄) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ (၁၉) ရက်နေ့က စတင်ခဲ့တဲ့ ဖာပွန်စစ်ဆင်ရေးကတော့ မတ်လ (၂၄) ရက်နေ့မှာ ဖာပွန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက် မတ်လ(၂၆)ရက်နေ့မှာတော့ ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

မတ်လ (၃၀) ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့သလို လက်ရှိမှာလည်း တောင်ပိုင်းစစ်ဒေသ (JOC) ကွပ်ကဲမှုနဲ့ ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖားပြန္အေျခစိုက္ စစ္ေကာင္စီရဲ႕ ခမရ ၄၃၄ ကို တိုက္ခိုက္သိမ္းပိုက္မႈ NUG ကာကြယ္ေရးဝန္ႀကီးဌာန တရားဝင္ထုတ္ျပန္…
ဖားပြန္ၿမိဳ႕အျပင္ ခမရ ၄၃၄ နဲ႔ ခလရ ၁၉ တို႔ကိုပါ ေတာ္လွန္ေရးတပ္မ်ား စိုးမိုးထိန္းခ်ဳပ္ထား…
++++++++++++++++
ဧၿပီ ၂၆
ကရင္ျပည္နယ္၊ ဖားပြန္ၿမိဳ႕နယ္အေျခစိုက္ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ခမရ ၄၃၄ ကို ေတာ္လွန္ေရးပူးေပါင္းတပ္ေတြ တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီး ဖားပြန္ၿမိဳ႕အျပင္ ခမရ ၄၃၄ နဲ႔ ခလရ ၁၉ တို႔ကိုပါ ေတာ္လွန္ေရးတပ္ေတြ စိုးမိုးထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနက ဒီေန႔ မြန္းလြဲပိုင္းမွာ ထုတ္ျပန္ပါတယ္။


NUG ကာကြယ္ေရးဝန္ႀကီးဌာန၊ ေတာင္ပိုင္းစစ္ေဒသ (JOC)၊ အမွတ္ (၂) စစ္ေဒသခြဲ ကြပ္ကဲမႈနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) ၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF)၊ Force For Federal Democracy (FFD)၊ ဗမာျပည္သူ႔ လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA) မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ေတြက ဖာပြန္စစ္ဆင္ေရးကို ေဖာ္ေဆာင္တိုက္ပြဲဝင္ေနတာျဖစ္ၿပီး ဧၿပီလ (၂၅) ရက္ေန႔မွာ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ခမရ (၄၃၄) တပ္ရင္းကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ကာ လက္နက္ခဲယမ္းအေျမာက္အမ်ား သိမ္းပိုက္ရရွိခဲ့တယ္လို႔ သိရပါတယ္။


မတ္လ (၁၉) ရက္ေန႔က စတင္ခဲ့တဲ့ ဖာပြန္စစ္ဆင္ေရးကေတာ့ မတ္လ (၂၄) ရက္ေန႔မွာ ဖာပြန္ၿမိဳ႕ရွိ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ရဲစခန္းနဲ႔ ကင္းစခန္းေတြကို တိုက္ခိုက္သိမ္းပိုက္ရရွိခဲ့ၿပီးေနာက္ မတ္လ(၂၆)ရက္ေန႔မွာေတာ့ ဖာပြန္ၿမိဳ႕ကို ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕ေတြ သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။


မတ္လ (၃၀) ရက္ေန႔မွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ဖာပြန္ၿမိဳ႕အေျခစိုက္ ခလရ (၁၉) တပ္ရင္းကို ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက သိမ္းပိုက္ႏိုင္ခဲ့ၿပီး လက္နက္၊ ခဲယမ္း အေျမာက္အမ်ား သိမ္းဆည္းႏိုင္ခဲ့သလို လက္ရွိမွာလည္း ေတာင္ပိုင္းစစ္ေဒသ (JOC) ကြပ္ကဲမႈနဲ႔ ဖာပြန္စစ္ဆင္ေရးကို ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ NUG ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*