မကြာတော့ဘူး ဒီခဝေးဂိတ်နတ်နတ်သီးစာမိတော့မယ်

အောင်လံ-ရွှေပန်းတော လမ်းပိုင်း စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူ ၆၀ ခန့်ကို စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း၊ လာရောက် မရွေးနိုင်သူများကို စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် ခေါ်ဆောင်

■ ပွင့်ဖြူမြို့နယ်တွင် တပ်သားသစ်အဖြစ် ပေါ်တာဆွဲမှုကြောင့် လူငယ်များ အဖမ်းခံရ

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်က ခရီးသွား ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် မိသားစုဝင်များကို ပြန်ရွေးခိုင်းကာ လာရောက် မရွေးနိုင်သူများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော ကားလမ်းရှိ စမ်းကလေးကျေးရွာ ရထား သံလမ်း စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူများနှင့် ဆိုင်ကယ် စီးနင်းသူများကို တားဆီး စစ်ဆေးပြီး ပြည်သူ ၆၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၆၀ ခန့်ကို အောင်လံမြို့ရှိ အထက ၁ ကျောင်းကို ခေါ်ဆောင်သွားပြီး ပြည်သူ ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် မိသားစုဝင်များ ပြန်ရွေးခိုင်းကြောင်း၊ ဖမ်းဆီးခံရသူ အများစုသည် အောင်လံ-ရွှေပန်းတော ကားလမ်းပိုင်း အောင်လံ အရှေ့ခြမ်း ကျေးရွာများမှ သာမန်ပြည်သူများဖြစ်၍ ငွေကြေး မတတ်နိုင်သောကြောင့် အများစုကို စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေတောင် စစ်ဆေးရုံကို ဆေးစစ်ရန် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မနေ့က နံနက် ၁၀နာရီလောက်မှာ အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော ကားလမ်းပိုင်း စမ်းကလေးကျေးရွာ ရထား သံလမ်း စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ခရီးသွား ပြည်သူတွေကို အတင်းဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်တယ်။ နောက်ပြီး ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း လုပ်တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အောင်လံမြို့ အထက ၁ ကျောင်းမှာ ဖမ်းထားပြီး လူဦးရေ ၆၀ ဝန်းကျင်လောက်ရှိတယ်။ တချို့ကျ ငွေနဲ့ ပြန်လွှတ်ပြီး အများစုကို ရွှေတောင် စစ်ဆေးရုံကို ဖမ်းဆီး ခေါ်ဆောင်သွားတယ် စစ်မှုထမ်းဖို့ ကျန်းမာရေးအတွက် ဆေးစစ်ချက်များပြုလုပ်မယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ဖမ်းဆီးထားသော ဆိုင်ကယ်များကို စမ်းကလေးရွာရှိ စစ်တပ်ဂိတ်၌ သွားရောက်ထုတ်ယူရန် မိသားစုဝင်များကို အကြောင်းကြားခဲ့ပြီး ဖမ်းဆီးသွားသူများကို မိသားစုဝင်များက သွားရောက် တွေ့ဆုံသော်လည်း တွေ့ခွင့်မပေးကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း အောင်လံမြို့နယ် တောင်ထီးကျေးရွာအုပ်စု ကျားမွေးကျေးရွာတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ခြောက်လှန့်၍ ငွေအများအပြားတောင်းခံခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လူငယ်မရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၃၀၀၀၀ နှင့် လူငယ်ရှိသည့် အိမ်များကို တစ်အိမ်လျှင် ကျပ် ၁၂၀,၀၀၀ ခန့် တောင်းခံသွားပြီး ကျေးရွာအတွင်း အိမ်ခြေ ၇၀ ခန့်မှာ ကျပ် သုံးသောင်း ပေးခဲ့ရကြောင်း၊ အိမ်ခြေ ၄၈ အိမ်မှာ ကျပ် တစ်သိန်းနှစ်သောင်းခန့် ပေးခဲ့ရကြောင်း၊ အဆိုပါ ငွေများကို ပျူစောထီးခေါင်းဆောင် တင်ဌေး၊ အုပ်ချုပ်ရေးမှူး တင်သောင်းနှင့် ရာအိမ်မှူး အောင်အောင်တို့က စစ်တပ်နှင့်အတူ ပူးပေါင်းရယူသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းတွင် ပြည်လုံးချမ်းသာ ဘုရားဈေးပွဲတော်မှ ပြန်လာသည့် လူငယ် ၃ ဦးကို ပွင့်ဖြူမြို့နယ် အရှေ့ပိုင်း ဥက္ကဋ္ဌ သာထွေး‌အောင်က စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီခေါ်ဆောင်သွားမှု ဧပြီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၄၈ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဘုရားမှာ ဈေးပွဲတော်ရှိပါတယ်။ ‌ ဈေးပွဲတော် က ပြန်လာတဲ့ ကလေးတွေကို အရှေပိုင်း ဥက္ကဋ္ဌ သာထွေးအောင် နဲ့ စစ်တပ်နဲ့ ပေါင်းပြီး ကလေးတွေကို ဖမ်းဆီးပြီး ကားပေါ် အတင်း ခေါ်တင်သွားတာပါ။ အဲဒီ ဥက္ကဋ္ဌ သာထွေးအောင် က အရှေ့ပိုင်း ရပ်ကွက်ထဲက ဘယ်သူမှ မထောက်ခံဘဲ သူဘာသာသူ စစ်တပ်နဲ့ ပေါင်းပြီး ဥက္ကဋ္ဌ တက်လုပ်နေတဲ့သူ စစ်တပ်အမာခံ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၁ တွင် စစ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

ေအာင္လံ-ေ႐ႊပန္းေတာ လမ္းပိုင္း စစ္ေဆးေရးဂိတ္တြင္ ခရီးသြား ျပည္သူ ၆၀ ခန႔္ကို စစ္တပ္က ဖမ္းဆီးၿပီး ၁ ဦးလွ်င္ ေငြက်ပ္ သိန္း ၅၀ ျဖင့္ ျပန္ေ႐ြးခိုင္း၊ လာေရာက္ မေ႐ြးႏိုင္သူမ်ားကို စစ္မႈထမ္းရန္ တပ္သားသစ္အျဖစ္ ေခၚေဆာင္
■ ပြင့္ျဖဴၿမိဳ႕နယ္တြင္ တပ္သားသစ္အျဖစ္ ေပၚတာဆြဲမႈေၾကာင့္ လူငယ္မ်ား အဖမ္းခံရ
ရန္ကုန္၊ ဧၿပီ ၂၆
မေကြးတိုင္း၊ ေအာင္လံၿမိဳ႕နယ္၊ ေအာင္လံ-ေ႐ႊပန္းေတာ လမ္းပိုင္းရွိ အၾကမ္းဖက္ စစ္တပ္ စစ္ေဆးေရးဂိတ္က ခရီးသြား ျပည္သူ ၆၀ ခန႔္ကို ဖမ္းဆီးၿပီး ၁ ဦးကို ေငြက်ပ္ သိန္း ၅၀ ျဖင့္ မိသားစုဝင္မ်ားကို ျပန္ေ႐ြးခိုင္းကာ လာေရာက္ မေ႐ြးႏိုင္သူမ်ားကို စစ္မႈထမ္းရန္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဧၿပီလ ၂၅ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္အခ်ိန္ ေအာင္လံၿမိဳ႕နယ္၊ ေအာင္လံ-ေ႐ႊပန္းေတာ ကားလမ္းရွိ စမ္းကေလးေက်း႐ြာ ရထား သံလမ္း စစ္ေဆးေရးဂိတ္တြင္ အၾကမ္းဖက္ စစ္တပ္က ခရီးသြား ျပည္သူမ်ားႏွင့္ ဆိုင္ကယ္ စီးနင္းသူမ်ားကို တားဆီး စစ္ေဆးၿပီး ျပည္သူ ၆၀ ခန႔္ကို အေၾကာင္းမဲ့ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အၾကမ္းဖက္ စစ္တပ္က ဖမ္းဆီးထားေသာ ျပည္သူ ၆၀ ခန႔္ကို ေအာင္လံၿမိဳ႕ရွိ အထက ၁ ေက်ာင္းကို ေခၚေဆာင္သြားၿပီး ျပည္သူ ၁ ဦးကို ေငြက်ပ္ သိန္း ၅၀ ျဖင့္ မိသားစုဝင္မ်ား ျပန္ေ႐ြးခိုင္းေၾကာင္း၊ ဖမ္းဆီးခံရသူ အမ်ားစုသည္ ေအာင္လံ-ေ႐ႊပန္းေတာ ကားလမ္းပိုင္း ေအာင္လံ အေရွ႕ျခမ္း ေက်း႐ြာမ်ားမွ သာမန္ျပည္သူမ်ားျဖစ္၍ ေငြေၾကး မတတ္ႏိုင္ေသာေၾကာင့္ အမ်ားစုကို စစ္မႈထမ္းရန္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားက ေ႐ႊေတာင္ စစ္ေဆး႐ုံကို ေဆးစစ္ရန္ ပို႔ေဆာင္လိုက္ေၾကာင္း သိရွိရသည္။
“မေန႔က နံနက္ ၁၀နာရီေလာက္မွာ ေအာင္လံၿမိဳ႕နယ္၊ ေအာင္လံ-ေ႐ႊပန္းေတာ ကားလမ္းပိုင္း စမ္းကေလးေက်း႐ြာ ရထား သံလမ္း စစ္ေဆးေရးဂိတ္က စစ္ေခြးေတြက ခရီးသြား ျပည္သူေတြကို အတင္းဖမ္းဆီးျခင္း၊ ေပၚတာဆြဲျခင္းမ်ား ျပဳလုပ္တယ္။ ေနာက္ၿပီး ဆိုင္ကယ္ေတြကို တားဆီး စစ္ေဆးၿပီး ဖမ္းဆီးတာေတြလည္း လုပ္တယ္။ ဖမ္းဆီးခံရတဲ့ ျပည္သူေတြကို ေအာင္လံၿမိဳ႕ အထက ၁ ေက်ာင္းမွာ ဖမ္းထားၿပီး လူဦးေရ ၆၀ ဝန္းက်င္ေလာက္ရွိတယ္။ တခ်ိဳ႕က် ေငြနဲ႔ ျပန္လႊတ္ၿပီး အမ်ားစုကို ေ႐ႊေတာင္ စစ္ေဆး႐ုံကို ဖမ္းဆီး ေခၚေဆာင္သြားတယ္ စစ္မႈထမ္းဖို႔ က်န္းမာေရးအတြက္ ေဆးစစ္ခ်က္မ်ားျပဳလုပ္မယ္လို႔ သိရတယ္” ဟု ေဒသျပည္သူတစ္ဦးကေျပာဆိုသည္။
အၾကမ္းဖက္ စစ္တပ္သည္ ၎တို႔ ဖမ္းဆီးထားေသာ ဆိုင္ကယ္မ်ားကို စမ္းကေလး႐ြာရွိ စစ္တပ္ဂိတ္၌ သြားေရာက္ထုတ္ယူရန္ မိသားစုဝင္မ်ားကို အေၾကာင္းၾကားခဲ့ၿပီး ဖမ္းဆီးသြားသူမ်ားကို မိသားစုဝင္မ်ားက သြားေရာက္ ေတြ႕ဆုံေသာ္လည္း ေတြ႕ခြင့္မေပးေၾကာင္း ေဒသျပည္သူ တစ္ဦးက ဆက္လက္ ေျပာဆိုသည္။
ထို႔ျပင္ မေကြးတိုင္း ေအာင္လံၿမိဳ႕နယ္ ေတာင္ထီးေက်း႐ြာအုပ္စု က်ားေမြးေက်း႐ြာတြင္ စစ္မႈထမ္းဥပေဒအေၾကာင္းျပ၍ ျပည္သူမ်ားကို အၾကမ္းဖက္စစ္တပ္က ေျခာက္လွန႔္၍ ေငြအမ်ားအျပားေတာင္းခံခဲ့ေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္။
လူငယ္မရွိသည့္ ေနအိမ္မ်ားကို တစ္အိမ္လွ်င္ က်ပ္ ၃၀၀၀၀ ႏွင့္ လူငယ္ရွိသည့္ အိမ္မ်ားကို တစ္အိမ္လွ်င္ က်ပ္ ၁၂၀,၀၀၀ ခန႔္ ေတာင္းခံသြားၿပီး ေက်း႐ြာအတြင္း အိမ္ေျခ ၇၀ ခန႔္မွာ က်ပ္ သုံးေသာင္း ေပးခဲ့ရေၾကာင္း၊ အိမ္ေျခ ၄၈ အိမ္မွာ က်ပ္ တစ္သိန္းႏွစ္ေသာင္းခန႔္ ေပးခဲ့ရေၾကာင္း၊ အဆိုပါ ေငြမ်ားကို ပ်ဴေစာထီးေခါင္းေဆာင္ တင္ေဌး၊ အုပ္ခ်ဳပ္ေရးမႉး တင္ေသာင္းႏွင့္ ရာအိမ္မႉး ေအာင္ေအာင္တို႔က စစ္တပ္ႏွင့္အတူ ပူးေပါင္းရယူသြားေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္။
အလားတူ မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕နယ္ အေရွ႕ပိုင္းတြင္ ျပည္လုံးခ်မ္းသာ ဘုရားေဈးပြဲေတာ္မွ ျပန္လာသည့္ လူငယ္ ၃ ဦးကို ပြင့္ျဖဴၿမိဳ႕နယ္ အေရွ႕ပိုင္း ဥကၠ႒ သာေထြး‌ေအာင္က စစ္မႈထမ္းရန္ အတင္းအက်ပ္ ဖမ္းဆီေခၚေဆာင္သြားမႈ ဧၿပီလ ၂၄ ရက္ေန႔ ည ၁၀ နာရီ ၄၈ မိနစ္ဝန္းက်င္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္။
“ဘုရားမွာ ေဈးပြဲေတာ္ရွိပါတယ္။ ‌ ေဈးပြဲေတာ္ က ျပန္လာတဲ့ ကေလးေတြကို အေရွပိုင္း ဥကၠ႒ သာေထြးေအာင္ နဲ႔ စစ္တပ္နဲ႔ ေပါင္းၿပီး ကေလးေတြကို ဖမ္းဆီးၿပီး ကားေပၚ အတင္း ေခၚတင္သြားတာပါ။ အဲဒီ ဥကၠ႒ သာေထြးေအာင္ က အေရွ႕ပိုင္း ရပ္ကြက္ထဲက ဘယ္သူမွ မေထာက္ခံဘဲ သူဘာသာသူ စစ္တပ္နဲ႔ ေပါင္းၿပီး ဥကၠ႒ တက္လုပ္ေနတဲ့သူ စစ္တပ္အမာခံ ဥကၠ႒ တစ္ေယာက္ ျဖစ္ပါတယ္” ဟု ေဒသျပည္သူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔‌ ေျပာဆိုသည္။
ဓာတ္ပုံ- စစ္မႈထမ္း အပတ္စဥ္ ၁ တြင္ စစ္သားအျဖစ္ စုေဆာင္းခံရသည့္ လူငယ္မ်ား။

Be the first to comment

Leave a Reply

Your email address will not be published.


*