မန္တလေးတိုင်းဝံကြီးကို နတ်နတ်သီးဖြစ်ဧည့်ခံ

မန္တလေးတိုင်းဝန်ကြီးချုပ် ကျောက်ဆည်ကိုလာမယ်ဆိုလို့ PDFက မိုင်းနဲ့ ကြိုတင်ဖောက်ခွဲဧည့်ခံ

မေလ၇၊ ၂၀၂၄

သောင်ရင်းသတင်းလွှာ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကိုတိုင်း ဝန်ကြီးချုပ်လာမယ်ဆိုလို့ ဒေသခံမြို့ပြပြောက်ကျားရဲဘော်တွေက မိုင်းနဲ့ကြိုဆိုဧည့်ခံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ဒီနေ့မနက်၆နာရီ၄၅မိနစ်ခန့်က တိုင်းဝန်ကြီးချုပ်လာမယ်လို့သတင်းကြားခဲ့ရာ တော်လှန်ရေးတပ်တွေက ကျောက်ဆည်မြို့၊အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ဧရာဝတီဆောင် ဂိတ်ဝအနီးမှာပေါက်ကွဲခဲ့တာလို့သိရပါတယ်။

စကစမန်းတိုင်းဝန်ကြီးချုပ် မျိုးအောင်နဲ့ စကစလက်အောက်ခံတွေ ကျောက်ဆည်လာမယ်ဆိုလို့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်နိုင်ကြောင်းနဲ့ ထိခိုက်မှုကိုတော့မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မေလ၆၊ ၂၀၂၄
သောင်ရင်းသတင်းလွှာ

Be the first to comment

Leave a Reply

Your email address will not be published.


*